အပိုင်း (၈)

68 7 0
                                    

" ရောင်ဖြာ ... အချစ်ကလေး နေကောင်းသွားပြီလား "

သူငယ်ချင်းတွေဆုံကြတုန်း သုန်သုန်ကမေးသည်။ အရင်တခေါက်က သူနေမကောင်းလို့ ဒီကိုမလာဖြစ်တာ သုန်သုန်တို့သိသွားကြတာ။

" ကောင်းသွားပါပြီ "

" နင်နေကောင်းပြီဆိုတော့ ငါတို့မေးစရာရှိတာမေးရအုံးမယ်။ အဲ့တုန်းက ငါဖုန်းဆက်တာ နတ္ထိဆိုတဲ့ဘိုးတော်က ဘာလို့လာကိုင်တာလဲ "

ဒီဘူတာပဲလာစိုက်မယ်ဆိုတာ ရောင်ဖြာသိပါ၏။ အရင်တခေါက် သူနေမကောင်းတုန်းက မောင်ကသူတို့မြို့ထိလိုက်လာပြီး ဆေးခန်းပို့ပေး၊ ဘေးမှာအတူနေပေးနဲ့ နောက်ရက် သူအဖျားကျပြီး နေပြန်ကောင်းမှပဲ ပြန်သွားခဲ့တာပင်။

ဆေးအရှိန်ကြောင့် သူအိပ်ပျော်နေတုန်း သုန်သုန်ကဖုန်းလှမ်းဆက်တာကို မောင်က ဖုန်းကိုင်လိုက်တာဖြစ်ပါ၏။

" နင်က သူမှန်းဘယ်လိုသိလဲ "

" ဟဲ့ သိမှာပေါ့။ နင့်အသံမဟုတ်လို့ ငါကသူ့ကိုဘယ်သူလဲလို့မေးတာကို အဲ့ဘိုးတော်က ဘာပြန်ဖြေတယ်ထင်လဲ "

ရောင်ဖြာ မသိကြောင်းခေါင်းခါပြလိုက်သည်။ မောင် သူ့ကိုပြောတုန်းကတော့ သုန်သုန်ကဖုန်းဆက်တယ်။ မင်းအိပ်နေတယ်လို့ပြောလိုက်လို့ ဖုန်းချသွားတယ်ဆိုပြီးသာ ပြောခဲ့သော်လည်း သူမသိလိုက်တာတွေ ရှိအုံးမယ်ထင်။

" အမလေး ! သူက လင်းရောင်ဖြာရဲ့တစ်ဦးတည်းသောသူတဲ့ ! နာမည်ကနတ္ထိတဲ့ ! အခု လင်းရောင်ဖြာက သူ့ကြောင့်နေမကောင်းဖြစ်နေလို့ အိပ်ပျော်နေတယ်တဲ့လေ !! ငါ့မယ် အောင့်သီး‌အောင့်သက် ... သားလေး နင့်လူပျိုစင်ဘဝလေး ပါသွားပြီလား "

သုန်သုန်မေးလာတဲ့စကားကြောင့် ရောင်ဖြာ ရှက်သွေးဖြာသွားပါ၏။

" မဟုတ် ... မဟုတ်ပါဘူးဟာ။ ငါနေမကောင်းတာဟုတ်တယ်။ သူကလည်း ငါတို့ဆီရောက်နေတာနဲ့ကြုံလို့ ... "

" ဪ လမ်းကြုံဝင်ဂရုစိုက်ပေးတာ။ နေမကောင်းဖြစ်တဲ့အထိပေါ့ "

" ငါက ငါ့ဘာသာနေမကောင်းဖြစ်တာပါ။ သူနဲ့မဆိုင်ပါဘူး။ နင်ထင်နေသလိုလည်း မဟုတ်ဘူးရယ်။ ငါနေမကောင်းလို့ သူကဆေးခန်းလိုက်ပို့ရုံတင် "

ရင်ခုန်သံ နတ္ထိ { Completed ✅ }Where stories live. Discover now