အပိုင်း (၁၇)

126 9 0
                                    

ဂိုထောင်ထဲက မစီးတာကြာပြီဖြစ်တဲ့ Lamborghini Reventon ကိုထုတ်လိုက်ပြီး Driver seat မှာထိုင်လိုက်သည်။

ပုံမှန်ဆိုရင်က သူက Motorcycle အနက်ရောင်ကိုပဲ အသုံးပြုတာဖြစ်သည်။ ရောင်ဖြာ့ကို နောက်မှာထိုင်ကာ သူ့ခါးကိုခပ်တင်းတင်းဖက်တွယ်စေရင်း လေအလျင်နဲ့မောင်းရတာက သူအကြိုက်ဆုံးအရာပင်။

ဒါပေမဲ့ ဆိုင်ကယ်နောက်မှာထိုင်ကာ သူ့ကိုအဖော်ပြုပေးမယ့်သူမရှိတော့ ဈေးကြီးလှသည့် Motorcycle သည်လည်း လစ်လျူရှုခြင်းခံလိုက်ရသည်။

Final exam လည်း ပြီးသွားခဲ့ပြီမို့ ရောင်ဖြာရှိရာမြို့လေးကို ထွက်လာခဲ့သည်။

သူတို့မြို့နဲ့ ရောင်ဖြာရှိတဲ့မြို့လေးကို ဆက်သွယ်ပေးထားတဲ့ လမ်းမကြီးတလျှောက် မောင်းနှင်လာရင်း ဘေးတဖက်တချက်မှာရှိနေတဲ့ သစ်ပင်ကြီးတွေနဲ့ စိမ်းစိမ်းစိုစို ကွင်းပြင်ကျယ်တွေဆီ အကြည့်ရောက်မိပြန်သည်။

လင်းရောင်ဖြာက ပင်လယ်ကြီးနဲ့ ဒီလိုရှုခင်းတွေဆို သိပ်သဘောကျတာ ...

ချစ်ရသူဆီသွားနေတယ်ဆိုတဲ့စိတ်နဲ့ ခရီးပန်းရကောင်းမှန်းမသိသလို ဝေးကွာလှသည့် ခရီးသည်လည်း သူ့အတွက် အလှမ်းမဝေးတော့သလို ...

ကွင်းပြင်ကျယ်ကြီးတွေကို ဖြတ်ကျော်လာပြီးချိန်မှာတော့ ချစ်ရသူရှိနေတဲ့ မြို့လေးဆီကို ရောက်ရှိလာခဲ့လေပြီ။

ရောက်ဖူးပြီးသားဖြစ်တာမို့ မစိမ်းသက်လှတဲ့ တိုက်အပြာလေးရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိသွားပါ၏။

ဟွန်းသံပေးလိုက်တော့ အန်တီက တံခါးဖွင့်ပေးလာသည်။ ဒီနေ့တော့ အန်တီတို့ ခရီးမသွားကြဘူးထင် ...

" သား ... သားရောင်ဆီလာတာလား။ ဟိုကလေးက အန်တီတို့ကို ဘာမှမပြောထားဘူးကွယ်။ လာ သား အထဲဝင်။ သားရောင်ကတော့ သူ့အန်တီလေးဆိုင်ကို ခဏထွက်သွားတယ် "

သူတို့နှစ်ယောက်ဖြစ်ခဲ့တာကို ဘာမှသိပုံမရတဲ့အန်တီက သူ့ကိုမြင်တော့ အံ့ဩသွားသည့်ဟန်။ ပြီးမှ နွေးထွေးစွာပြုံးပြလာပြီး အထဲဝင်ခိုင်းလေသည်။

ရင်ခုန်သံ နတ္ထိ { Completed ✅ }Where stories live. Discover now