အပိုင်း (၂၀)

68 5 0
                                    

ရင်ခွင်ထဲမှာ ငြိမ်သက်နေသူလေးကိုကြည့်ရင်း နတ္ထိ ရောင်ဖြာ့ရဲ့ ရွှေရောင်ဖျော့ဖျော့ဆံနွယ်လေးတွေကို မျက်နှာနဲ့ ပွတ်သပ်လိုက်ရင်း တိတ်တဆိတ်နေပေးလိုက်သည်။

လွန်မှ အသိတရားဝင်ကာ ရင်ခုန်သံကိုနားလည်မိတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်တင်မိပါ၏။

အရင်က ရောင်ဖြာကပဲ သူတို့နှစ်ဦးကြားမှာရှိတဲ့အကွာအဝေးကို နီးစပ်အောင် တစ်စတစ်စနဲ့ အစပျိုးခဲ့တာဖြစ်သည်။ ဒါပေမဲ့ အခုတော့ တစ်ဖက်လူက သူ့အနားကနေ အဝေးကို တရွေ့ရွေ့ထွက်သွားလေပြီမို့ ချစ်ရသူနဲ့ ဒီထက်ပိုပြီးဝေးကွာမသွားခင် ပြန်လည်နီးစပ်အောင် ကြိုးစားဖို့က သူ့တာဝန်ပင်ဖြစ်ပါ၏ ...

နတ္ထိက ရောင်ဖြာ့ကို တိုက်ခန်းလေးဆီခေါ်လာခဲ့သည်။ အပြာရောင်ဖျော့ဖျော့ တိုက်ခန်းငယ်လေးဟာ ဝင်ဝင်ချင်းမှာပဲ မျက်စိအေးကာ ရင်ကိုငြိမ်းစေသည်။

တိုက်ခန်းတွင်းမှာ Wall Mounted Flat TV တစ်လုံးရှိနေပြီး ဘေးဘီဝဲယာမှာ Indoor plants လေးတွေထားရှိကာ အောက်မှာတော့ ဗီဒိုအသေးလေးတစ်ခုက နေရာယူထားသည်။

ထိုဗီဒိုလေးပေါ်မှာတော့ အရုပ်ကလေးတွေနဲ့ သူတို့နှစ်ဦးရဲ့ Photo stand လေးက အခန့်သားပင် ...

TVနဲ့မျက်နှာချင်းဆိုင်မှာ အိစက်ကျယ်ပြန့်တဲ့ ဆိုဖာကြီးတစ်လုံးရှိနေပြီး ဘေးတစ်ဖက်တစ်ချက်စီမှာလည်း ဆိုဖာနှစ်လုံးက အသီးသီးနေရာယူကာ အလယ်တည့်တည့်မှာတော့ ဖန်စားပွဲတစ်လုံးရှိနေသည်။

ဆိုဖာတွေရဲ့ ဘယ်ဘက်မှာ Glass Wall ကြီးတစ်ခုရှိနေကာ ထိုနေရာကနေဆို ဘေးပတ်ဝန်းကျင်မှာရှိတဲ့ ရှုမျှော်ခင်းတွေကို ဖောက်ထွင်းမြင်ရမည်ပင်။ ယခုအခါမှာတော့ လိုက်ကာတစ်ခုနဲ့ ကာရံထားပါ၏။

Glass wall နဲ့ ဆိုဖာတွေကြားမှာ သစ်သားစင်လေးတစ်ခုရှိနေပြီး ထိုပေါ်မှာလည်း Indoor plants ငယ်လေးတွေ၊ စာအုပ်လေးတချို့ ရှိနေသည်။

ကြမ်းပြင်မှာတော့ မွေးပွကော်ဇောကြီးခင်းထားတာမို့ လမ်းလျှောက်လိုက်တိုင်း နွေးထွေးမှုကို ရရှိစေမှာပင်။

ရောင်ဖြာ တိုက်ခန်းလေးထဲဝင်ဝင်ချင်းမှာပဲ အထဲက မျက်စိအေးဖွယ်ရာ မြင်ကွင်းကြောင့် မင်သက်သွားသည်။ နောက်ကလိုက်ပါလာတဲ့ နတ္ထိက ‌ရောင်ဖြာ့ရဲ့ကိုယ်လုံးသေးသေးလေးကို နောက်ကနေ ပွေ့ဖက်လိုက်ပြီး ပခုံးလေးပေါ်မေးတင်ကာ

ရင်ခုန်သံ နတ္ထိ { Completed ✅ }Where stories live. Discover now