" မောင် ... ကျွန်တော်နဲ့အတူ ခေးတို့ shooting ကို လိုက်ခဲ့ပေးလို့ရမလားဟင် "
ကုတင်ပေါ်မှာလှဲရင်း ဖုန်းသုံးနေတဲ့မောင့်ကို မေးလိုက်မိခြင်း။
ဒီတစ်ခါလည်း သူ ကျောင်းပိတ်တုန်း မောင့်တိုက်ခန်းလေးဆီ အပြေးလာခဲ့တာဖြစ်သည်။ မောင့်တိုက်ခန်းလေးက အခုဆို သူ့ရဲ့ Handmade လေးတွေအပြည့်နဲ့ မျက်စိပဒါသရှိနေသည်။
ဧည့်ခန်း၊ အိပ်ခန်းတွေမှာလည်း သူ Internet ကနေ DIY video လေးတွေကြည့်ရင်း ဖန်တီးဖြစ်လာတဲ့ Handmade ပန်းအိုးလေးတွေ၊ ပန်းလေးတွေအပြင် မောင့်ရဲ့ စာကြည့်စားပွဲပေါ်မှာ မောင့်အတွက် Resin နဲ့ ပန်းအခြောက်လေးကိုထည့်ကာ ပြုလုပ်ပေးထားတဲ့ ဘောပင်ဘူးလေးတွေကလည်း အခန့်သား နေရာယူလျက်ပင်။ မောင့်တိုက်ခန်းလေးရဲ့ နေရာတိုင်းဟာ သူ့ရဲ့ခြေရာလက်ရာတွေ စွဲထင်ကျန်ရစ်နေခဲ့ပါ၏။
သူဟာ ကျောင်းပိတ်ရက်တိုင်း မပျက်မကွက်ပင် မောင့်ဆီ အပြေးလေးလှမ်းလာပြီး မောင်စားချင်တာလေးတွေချက်ကျွေးရင်း မောင့်အတွက် တစ်ပတ်စာဟင်းတွေလည်း ချက်ပြုတ်ပေးဖြစ်ကာ ပန်းကန်တွေ၊ ဘူးတွေထဲ အစီအရီထည့်ထားပေးသည်။
အချိန်ကြာလာတော့ မောင်လည်း အကျင့်ဖြစ်လာပုံပင်။ သူလာတဲ့ကျောင်းပိတ်ရက်တွေဆို အပြင်စာမစားတော့ပဲ သူချက်ပေးတာတွေကိုသာ မက်မက်မောမော သုံးဆောင်တတ်လာသည်။ ရောင်ဖြာကတော့ အပျော်ဆုံးလူသားဟုပင် ခေါ်တွင်ရတော့မတတ်။
မြိန်ရေယှက်ရေစားနေတဲ့ မောင့်ကိုကြည့်နေရရုံနဲ့တင် သူ၏ဝမ်းသမုဒ္ဒရာဟာ အလိုလိုပြည့်တင်းနေပြီးသားမို့ မောင့်ကိုသာ မျက်တောင်မခတ်တမ်း ပြုံးကြည့်နေခဲ့ပါ၏။
စားသောက်ပြီးစီးသွားတော့ အခန်းထဲဝင်ကာ မောင်ဖွထားတဲ့အင်္ကျီပုံတွေကို ပြန်လည်သန့်ရှင်းပေးနေရင်း သူ မဝံ့မရဲမေးလိုက်ခြင်းသာ။
" ခေးသက်ပန်ကိုပြောတာလား "
" မောင်သိတယ်လား "
" အမ်း ... ကြားဖူးမြင်ဖူးရုံတင်။ နေပါအုံး မင်းကရော သူ့ကိုကြိုက်နေတာလား "
" ဗျာ ... "
" သူနဲ့ငါဆို ဘယ်သူ့ကိုပိုကြိုက်လဲ "
YOU ARE READING
ရင်ခုန်သံ နတ္ထိ { Completed ✅ }
Novela Juvenil✨ Own Creation ✨ နတ္ထိ + လင်းရောင်ဖြာ {Shared Universe 2} Start at ... Aug 5 , 2024 End ... Nov 10 , 2024 Boy love This story is written with both Unicode and Zawgyi