အပိုင်း (၂၈)

67 6 0
                                    

" လင်း ... မောင့်ကိုတစ်ခုခုပြောအုံးလေ "

မတုန်မလှုပ်ချစ်သူလေးကို ရှေ့နောက်အသာအယာယိမ်းစေလိုက်ရင်း နတ္ထိမေးလာသည်။

" ဘာပြောရမှာလဲ "

" မောင့်ကိုယုံတယ်မလားဟင်။ တကယ်လို့ လင်းမယုံဘူးဆိုရင်လည်း မောင် အစ်ကိုနေစိမ့်တို့အတွဲကို ‌ရှင်းပြခိုင်းပေးမယ်လေ။ အစ်ကိုနေစိမ့်က မယုံရပေမဲ့ သူ့အမျိုးသားကတော့ လူကြီးလူကောင်းတစ်ယောက်မို့ လင်းယုံလို့ရပါတယ် "

" သူများကို ဘာလို့ဒုက္ခပေးနေမှာလဲ။ အားနာစရာ "

" မောင်တို့ခုလိုဝေးသွားရတာက သူ့ပယောဂလည်းမကင်းတဲ့ဟာကို "

" ဘာနေနေ ခင်ဗျားအမှားပဲလေ။ ခင်ဗျားသာ အထင်လွဲဖို့ဖြစ်လာတဲ့ကိစ္စတွေကို အရင်ကတည်းကရှင်းပြထားရင် ရနေရဲ့သားနဲ့။ ပြီးတော့ စကားလည်းသိပ်မပြောချင်ခဲ့တာ ဘယ်သူလဲ "

" မောင်ပါ ... မောင့်အမှားပါ။ အရင်က လင်းကိုမချစ်မိသေးလို့ မောင့်ဘက်က အတည်တကျထုတ်မပြောပဲ ရင့်သီးတဲ့စကားတွေနဲ့ လင်းကိုနာကျင်စေခဲ့မိတာ။ အကုန်မောင့်အပြစ်တွေပါ။ နောက်ကျရင်တော့ အဲ့လိုမဖြစ်စေရပါဘူး "

" ကျွန်တော်က ခင်ဗျားအကြိုက် သွက်လက်တဲ့လူစားလည်း ဟုတ်မနေဘူး "

" ကိစ္စမရှိပါဘူး။ လင်းဖြစ်နေရင်ကို ရပြီ။ လင်းကိုပဲချစ်တာမို့ ဘယ်လိုပဲနေနေ မောင်လက်ခံမှာပါအသည်းတုံရဲ့ "

" ဒါနဲ့ ... ခင်ဗျားက သူ့ကိုတကယ်မေ့နိုင်လို့လား "

" မောင်တကယ်မေ့နိုင်ပါပြီကွာ။ သတိတောင်ရမနေတော့ပါဘူး။ ပြီးခဲ့တဲ့အတိတ်တွေကို ပြန်မဖော်ရအောင် ... နော် ... "

" မဟုတ်ဘူး။ ကျွန်တော်က အဲ့လိုလူစားမျိုးပဲ။ ခွင့်လွှတ်သည်းခံတတ်တယ်ထင်ရပေမဲ့ တကယ်တော့ ရင်ထဲမှာ တေးမှတ်ထားတတ်တဲ့သူမျိုး "

" ဒါဆိုလည်း မောင်က လင်းအဲ့အကြောင်းတွေကို ပြန်အစဖော်တိုင်း လင်းနာကျင်ခဲ့ရတာတွေကို နှစ်သိမ့်ပေးဖို့နဲ့ စိတ်တိုစရာတွေကို မောင့်အပေါ်မှာဖြေဖျောက်ဖို့ ဘေးမှာရှိနေပေးပါ့မယ် "

ရင်ခုန်သံ နတ္ထိ { Completed ✅ }Where stories live. Discover now