အပိုင်း (၉)

74 6 0
                                    

စာမေးပွဲတွေပြီးသွားတော့ ရောင်ဖြာတစ်ယောက် အရင်ကအတိုင်း နတ္ထိရှိရာ အပြေးလေးလာခဲ့သည်။ နတ္ထိရဲ့စကားတွေက သူ့အပေါ် ဘယ်လိုသက်ရောက်မှုမှရှိ‌မနေခဲ့။

" မောင် ... "

တိုက်ခန်းတံခါးကိုဖွင့်လိုက်တော့ ‌ကိုနေစိမ့်က သူ့ဘက်လှည့်လာရင်း ပြုံးပြသည်။

" ဟင် ... ကိုနေစိမ့်ရောက်နေတာလား "

" ဟုတ်တယ်။ နတ္ထိက ရေချိုးနေတုန်း။ လင်းရောင်ဖြာက စာမေးပွဲဖြေပြီးပြီလား "

" ဟုတ်တယ်ဗျ "

အမောတကောနဲ့ ပြေးလာခဲ့ပါသော်လည်း တွေ့ချင်သူရဲ့မျက်နှာကို မမြင်ရလေတော့ ရောင်ဖြာ ပို၍မောဟိုက်လာသည်။ ထို့အပြင် တိုက်ခန်းမှာရှိနေသူကလည်း ...

" အစ်ကိုက နတ္ထိရဲ့အချစ်ဦးလေ အဟင်း ... ဒါနဲ့ လင်းရောင်ဖြာကိုကြည့်ရတာ ကိုယ့်ကိုအလိုမရှိသူကိုမှ အရမ်းတွေဖက်တွယ်ထားနေသလိုပဲနော် "

နေစိမ့်သူပြောလာတဲ့စကားက ရောင်ဖြာ့အရှိုက်ကို တည့်တည့်ထိသည်။

" အစ်ကိုနေစိမ့်က ဘာကိုကြည့်ပြီးများ ဒီလိုပြောရတာလဲ "

" မြင်နေရတာကို အမှန်အတိုင်းပြောပြရုံပါ။ ကိုယ့်ကို မလိုအပ်သူကိုမှ တမ်းတမ်းစွဲဖြစ်ပြီး လက်မလွှတ်နိုင်တဲ့ လင်းရောင်ဖြာက အရမ်းသနားစရာကောင်းလို့။ မာနလေးထားပြီး တစ်ခါလောက်တော့ လက်လွှတ်ကြည့်ပါလား။ ပြန်မချစ်နိုင်တဲ့သူကို ဆွဲမထားပဲနဲ့လေ "

နေစိမ့်သူရဲ့စကားသံတို့က အခန်းတွင်းထဲ မကျယ်လောင်ပေမဲ့ ကြည်လင်ပြတ်သားနေလျက် ...

ရောင်ဖြာ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်သည်။

" အစ်ကိုနေစိမ့်မှာ ကျွန်တော့်ကို ဘာလုပ်ရမယ်၊ မလုပ်ရဘူးဆိုတာ အမိန့်ပေးပိုင်ခွင့်မရှိဘူးထင်တယ် "

" အိုကေ ... အစ်ကိုကလည်း အကြံပေးတဲ့သဘောပါ။ လက်ခံတာမခံတာကတော့ လင်းရောင်ဖြာအပိုင်းပေါ့။ နတ္ထိက ကောင်းတဲ့သူတော့မဟုတ်ဘူး။ အတ္တလည်းကြီးတယ်။ အခုတောင် လင်းရောင်ဖြာကိုအနိုင်ကျင့်နေသေးတယ်မဟုတ်လား "

ရင်ခုန်သံ နတ္ထိ { Completed ✅ }Where stories live. Discover now