အပိုင်း (၁၂)

115 4 0
                                    

၁၂

မနက်မိုးလင်းချိန်မှာတော့ မွေးနေ့ရှင်တစ်ယောက်ဟာ နာကျင်ကိုက်ခဲမှုတွေနဲ့အတူ နိုးထလို့လာပါသည်။

" အာ့ ... ကျွတ် ကျွတ် "

အနည်းငယ်မျှ လှုပ်ရှားမိရုံနဲ့ စိမ့်နေအောင် နာကျင်မှုကြောင့် စုပ်သပ်နေရင်း ထပ်မံမလှုပ်ရှားရဲတော့။ သူ့ကိုယ်သူ သတိထားကြည့်မိတဲ့အခါ ရင်ခွင်ကျယ်ကြီးတစ်ခုထဲ ရောက်ရှိနေတာကို တွေ့လိုက်ရသည်။

တဆက်ထဲမှာပဲ မနေ့ညကအဖြစ်အပျက်တွေက ခေါင်းထဲဝင်လာတာမို့ ရောင်ဖြာ နားရွက်ဖျားလေးတွေ ရဲတက်ကုန်သည်အထိ အရှက်သည်းမိပြန်ပါ၏။

လိုလိုလားလားနဲ့ အစပျိုးခဲ့တာ သူဖြစ်ပါသော်လည်း ရှက်တာကတော့ ရှက်သည်ပင်။

အခုဆို မောင်နဲ့သူက အတွင်းကျကျဆက်ဆံရေးတစ်ခု ရှိနေခဲ့လေပြီ။ အစ်ကိုနေစိမ့်သူနဲ့တုန်းကတော့ ဒီလိုမဖြစ်ခဲ့ဖူးဘူးမလား ... မနေ့က သူတို့အတူရှိနေတုန်း မောင်ပြောတာတော့ သူကလည်း မောင့်ရဲ့ပထမဆုံးတဲ့လေ ... မောင်ကတော့ ဒီလိုကိစ္စကို ညာမပြောလောက်ပါဘူး‌။

သူဟာလည်း မောင့်ရဲ့ပထမဆုံးဆိုတာကို သိလိုက်ရတဲ့ရောင်ဖြာကတော့ ပီတိတွေဝေနေပါ၏။ နာကျင်မှုဒဏ်ကိုတောင် မေ့ပျောက်သွားသည်အထိ။

" ဘာတွေပြုံးနေတာလဲ "

အက်ရှရှလေသံကိုကြားရတော့ ရောင်ဖြာ မောင့်မျက်နှာကိုမော့ကြည့်မိသည်။ မောင်ကလည်း ခေါင်းအငုံ့မို့ သူ့နဖူးပြင်မှာ မောင့်နှုတ်ခမ်းတွေနဲ့ ထိတွေ့သွားရပြီး မနက်ခင်းအနမ်းပန်းတစ်ပွင့် ပွင့်လန်းခဲ့ပါ၏။

" နာနေလား။ မနေ့ကတော့ မင်းရဲ့အတွင်းရောအပြင်ရော သေချာရေဆေးပေးခဲ့တာပဲ။ အခု အခြေအနေဘယ်လိုလဲ "

သူ့ခါးပေါ်ကလက်ကို တင်းကျပ်လိုက်ရင်း မောင်ကမေးလာတော့ ရောင်ဖြာ နားရွက်လေးတွေ နီရဲကုန်သည်။

" ဟိတ် ! ဒါက ရှက်နေတာလား "

" မောင့် "

သူ့အသံဖျော့ဖျော့က တိုးညင်းကာ အားမပါတာမို့ မောင်က ခပ်ဟဟရယ်ပြီး အင်္ကျီကို အပေါ်လိပ်တင်ကာ သူ့ခါးကို ထိတွေ့လာသည်။ ခါးသိမ်သိမ်ပေါ်က လက်အစုံဟာ ဟိုဟိုဒီဒီပြေးလွှားလျက် နှိပ်နယ်ပေးလာတော့ ဝေဒနာအနည်းငယ်ပြေလွင့်ရပါ၏။

ရင်ခုန်သံ နတ္ထိ { Completed ✅ }Where stories live. Discover now