" သား ... မောင်နတ္ထိနဲ့ စကားများထားကြတာလား "
နတ္ထိက ထိုနေ့ကတည်းက ခုထိ သူတို့မြို့ကိုမပြန်သေး။ ရောင်ဖြာတို့အိမ်ကိုလည်း ချောင်းပေါက်မတတ်လာနေသည်။ ရောင်ဖြာ အိမ်မှာမရှိရင်လည်း ရောင်ဖြာရှိရာကို နောက်ကနေလိုက်လာတတ်သေး၏။
သူတို့နှစ်ဦးဟာ အရင်ကနဲ့ပြောင်းပြန်ဖြစ်နေလေပြီ။ အရင်အချိန်တုန်းကတော့ ရောင်ဖြာက နတ္ထိရှိရာကို အပြေးလာခဲ့သူဖြစ်ပါသော်လည်း ယခုတော့ နတ္ထိကသာ ရောင်ဖြာ့ကိုလက်မလွှတ်နိုင်သူဖြစ်နေလျက် ...
နတ္ထိကိုမြင်တာနဲ့ အစဉ်ပြုံးပျော်နေတတ်သည့် ရောင်ဖြာသည်လည်း ပြောင်းလဲသွားရကာ မိခင်ဖြစ်သူပင် သတိထားမိပြီး ယခုလိုမေးလာသည်အထိ ...
" မဟုတ်ပါဘူးမေမေ "
" မေမေတို့က နတ္ထိကို ဘာလို့လက်ခံပေးခဲ့လဲ သားသိလား "
ရုတ်တရက်ဆန်လှတဲ့ မေမေ့မေးခွန်းကို ရောင်ဖြာ ခေါင်းရမ်းပြလိုက်သည်။ မိခင်ဖြစ်သူက သူ့ခေါင်းလေးကို ချစ်စနိုးနဲ့ပွတ်ပေးရင်း
" သားကြောင့်ပဲ။ မေမေ့သား စိတ်ချမ်းသာအောင်လို့ လက်ခံပေးခဲ့တာ။ သားက သူ့အနားမှာဆို ပျော်နေတတ်တယ်လေ။ ဒါပေမဲ့ အခုရက်ပိုင်း သားမှာ ပျော်ရွှင်မှုတွေပျောက်ဆုံးနေတာ မေမေသတိထားမိတယ်။ နတ္ထိကလည်း သားကိုမျက်စိအောက်ကအပျောက်မခံပဲ သားသွားလေရာနောက်ကို တကောက်ကောက်လိုက်နေပြန်ရော ... သားတို့ကြား ဘာတွေဖြစ်ခဲ့တာလဲ "
ရောင်ဖြာ မိခင်ဖြစ်သူကို သူ့ကိစ္စတွေပြောမပြချင်ပေ။ သူတွန့်ဆုတ်နေတာကို မေမေကလည်း သတိထားမိသည့်ဟန်ပင်။
" သားမပြောချင်လည်း ရပါတယ်။ သားမှတ်ထားရမှာ တစ်ခုတော့ရှိတယ်။ ဘာကိစ္စကြောင့်ပဲဖြစ်နေပါစေ မေမေတို့က သားဘက်မှာအမြဲရှိတယ်ဆိုတာပဲ။ နတ္ထိက သားကိုနာကျင်အောင်လုပ်မိလို့ သားဘက်က သူ့ကိုလက်လွှတ်ဖို့စဉ်းစားထားရင်လည်း မေမေတို့မတားဘူး။ အဲ့သလိုပဲ သား စိတ်ပြေသွားပြီး နတ္ထိနဲ့အတူရှိနေဖို့ ရွေးချယ်ခဲ့မယ်ဆိုရင်လည်း မေမေတို့က သဘောမတူပဲနေမှာမဟုတ်ဘူး။ သားရဲ့ရွေးချယ်မှုတိုင်းကို မေမေတို့လေးစားပေးမှာ။ အဲ့ဒါကြောင့် သားက ကိုယ်ပျော်ရွှင်ရမယ့်အရာကိုပဲ ရွေးချယ်နော် "
YOU ARE READING
ရင်ခုန်သံ နတ္ထိ { Completed ✅ }
Roman pour Adolescents✨ Own Creation ✨ နတ္ထိ + လင်းရောင်ဖြာ {Shared Universe 2} Start at ... Aug 5 , 2024 End ... Nov 10 , 2024 Boy love This story is written with both Unicode and Zawgyi