ဇာတ်သိမ်းပိုင်း

90 5 0
                                    

နှစ်ယောက်သား ပြန်အဆင်ပြေသွားကြတော့ နေ့ရက်တွေဟာ သာသာယာယာ ...

သူတို့နှစ်ဦးရဲ့တိုက်ခန်းလေးဟာ အခုဆို ရောင်ဖြာ့ခြေရာလက်ရာလေးတွေနဲ့ ပြည့်နှက်နေသည်။ Glass Wall ဘေးကစင်လေးပေါ်မှာလည်း ရောင်ဖြာ့လက်ရာ ပန်းအိုးအသေးလေးတွေ ရှိနေပါ၏။ colour paper နဲ့ နေကြာပန်းနဲ့ သစ်ရွက်လေးတွေအပြင် ပန်းအိုးပိစိလေးကိုလည်း ပြုလုပ်ထားသေးသည်။ အရောင်အသွေးစုံလင်လှတဲ့ စက္ကူပန်းအိုးပိစိလေးတွေဟာ စင်ပေါ်မှာ နေရာယူထားကြပါ၏။

ရောင်ဖြာက ကျောင်းကပြန်လာရင် စာကြည့်တာနဲ့ Handmade လေးတွေဖန်တီးတာကလွဲလို့ ကျန်တာဘာမှလုပ်စရာမရှိပေ။ ဟင်းချက်တာကိုလည်း နတ္ထိကပဲတာဝန်ယူထားပါ၏။

ရောင်ဖြာ့အလုပ်က စာကြိုးစားရမှာနဲ့ နတ္ထိအနားမှာ နေပေးရမှာပင်။

" လင်း ... Orange juice ... "

ကိုယ်တိုင်ကိုယ်ကျ ဖျော်စပ်လာပါတဲ့ Orange juice ကို စားပွဲပေါ် တင်ပေးလိုက်သည်။ ချစ်ရသူလေးက သူ့အတွက် ပုံတူခဲပန်းချီဆွဲပေးနေတာဖြစ်သည်။

" ပြီးပြီ ... "

" မောင် ဒါကို photo stand နဲ့ မောင့်ရုံးခန်းမှာထားလို့ရလား "

" ရပါတယ်။ ဒါနဲ့ ကျွန်တော်တို့နှစ်ယောက်ပုံကိုလည်း စင်ပေါ်မှာ Photo stand နဲ့ထားချင်တယ် "

ပြောပြောဆိုဆိုပဲ Album ကိုယူလာပြီး သူတို့နှစ်ယောက် ကမ်းခြေမှာရိုက်ထားတာတွေထဲက အကောင်းဆုံးပုံတစ်ပုံကို ယူလိုက်သည်။

" ဒါက ဘယ်တုန်းကရိုက်ထားတာလဲ "

ပုံထဲမှာ ရောင်ဖြာက ဖုန်းကင်မရာဘက်ကိုလှည့်ကာပြုံးနေပြီး နတ္ထိကတော့ ဓါတ်ပုံရိုက်နေမှန်း မသိတဲ့ဟန် ...

ပင်လယ်ဘက်ကို ရီဝေညှို့ယူနိုင်တဲ့အကြည့်တွေနဲ့ ကြည့်နေပါ၏။

" ဒါက မောင်ငေးနေတုန်းရိုက်ထားတာလေ။ လှလား ... "

ထိုအချိန်တုန်းက ရောင်ဖြာနဲ့အတူဓါတ်ပုံရိုက်ဖို့ သူငြင်းခဲ့ဖူးသည်။ နောက်တော့ လိုက်လျောခဲ့ပေမယ့် စိတ်မရှည်မှုများစွာနဲ့သာ ...

တစ်ဖက်လူက လက်ခုပ်လေးထဲ သဲတွေထည့်ကာ အသည်းပုံလေးဖော်ပြီး သူ့ကိုပေးတုန်းကလည်း ရက်စက်စွာပဲ ပုတ်ထုတ်ခဲ့မိပြန်သည်။

ရင်ခုန်သံ နတ္ထိ { Completed ✅ }Where stories live. Discover now