💬 စာမေးပွဲမတိုင်ခင် ငါ့ဆီလာခဲ့အုံး
စာတွေပြန်နွှေးနေတုန်း Messenger မှာ စာပို့သံကြားတာမို့ ရောင်ဖြာ ဖုန်းကိုကြည့်လိုက်သည်။ မောင်က သူ့ဆီလာခဲ့ဖို့ ခေါ်နေတာပင်ဖြစ်ပါ၏။
သူနဲ့မောင် ထိုနေ့က စကားများကြပြီးကတည်းက သူ မောင့်ဆီမသွားတော့တာ ဒါနဲ့ဆို တစ်လပင်ရှိနေပြီ။ နောက်လထဲဆို သူတို့ Second year Final exam ဖြေရတော့မည်လေ။
မောင့်ဆီ စာမပို့၊ အဆက်အသွယ်မလုပ်ခဲ့တာလည်း တစ်လရှိလေပြီ။ ဒါဟာ မောင့်ကို စိတ်ပြေပျောက်အောင် အချိန်ပေးတာဖြစ်သလို သူ့ဒဏ်ရာတွေကို အနာကျက်ဖို့ အချိန်ယူတာဆိုလည်းမမှား ...
အစ်ကိုနေစိမ့်ရဲ့စကားတွေ၊ အပြုအမူတွေနဲ့ အစ်ကိုနေစိမ့်နဲ့ပတ်သက်ရင် သူ့ကိုပွင့်ပွင့်လင်းလင်းမပြောပဲ နှုတ်ဆိတ်နေတတ်တဲ့မောင့်ကြောင့် သူ မသင်္ကာဖြစ်မိတာမှန်ပါသော်လည်း မောင့်ကိုလက်လွှတ်ဖို့ထိတော့ သတ္ထိမရှိပါလေ ...
ဒီတစ်လလုံးမှာလည်း မောင့်ကို စကားသွားမပြောရဲပေမဲ့ မောင့်ရဲ့ Active now လေးကိုထိုင်ကြည့်တာမျိုး၊ မောင့်သူငယ်ချင်းတွေ Tag တွဲထားတဲ့ထဲ မောင့်ပုံလေးများပါလာရင် Save ထားပြီး အလွမ်းပြေကြည့်တာမျိုးတော့ ရောင်ဖြာ နေ့စဉ်လုပ်ဖြစ်ပါ၏။
နေနိုင်လွန်းသူ မောင်သည်လည်း သူ့ဘက်က စတင်မဆက်သွယ်ခဲ့ပါချေ။ ကြည့်ရတာ ရောင်ဖြာဆက်သွယ်လာမည်ကို စောင့်ဆိုင်းနေသည့်ဟန် ...
အခုလို မောင့်ဘက်က စတင်ဆက်သွယ်လာတော့ ဝမ်းသာစိတ်တို့လျှံကျလာတာကလည်း ရောင်ဖြာပင်ဖြစ်ပါ၏။
မောင်က စာမေးပွဲမတိုင်ခင် လာဖို့ခေါ်ထားတာမို့ ရောင်ဖြာ လာမယ့်ပိတ်ရက်ကျ မောင့်ဆီသွားဖို့ပြင်ထားသည်။
ဒီနှစ် ၁၀လပိုင်း ၁၀ ရက်နေ့ မောင့်မွေးနေ့မှာလည်း သူ စာမေးပွဲဖြေရအုံးမှာပင်။ မောင့်အနား အတူရှိမနေပေးနိုင်တာမို့ မွေးနေ့အကြိုလေးလုပ်ပေးဖို့ ရောင်ဖြာပြင်ဆင်ထားသည်။
ပြီးခဲ့တဲ့နှစ်တုန်းကတော့ မောင့်မွေးနေ့ပြီးမှ သူတို့ အစားထိုးမွေးနေ့ပွဲလုပ်ခဲ့ရတာ။ ဒီနှစ်တော့ သူများထက်အရင် မောင့်ကို Birthday wish ပြီး မွေးနေ့ပွဲ ကြိုလုပ်ပေးရမည်။
YOU ARE READING
ရင်ခုန်သံ နတ္ထိ { Completed ✅ }
Teen Fiction✨ Own Creation ✨ နတ္ထိ + လင်းရောင်ဖြာ {Shared Universe 2} Start at ... Aug 5 , 2024 End ... Nov 10 , 2024 Boy love This story is written with both Unicode and Zawgyi