ကျောင်းပိတ်ရက်မှာလည်း ရောင်ဖြာတစ်ယောက် နတ္ထိတိုက်ခန်းမှာသာ အချိန်ကုန်လေသည်။ နတ္ထိကတော့ အိမ်နဲ့တိုက်ခန်းကို ကူးလူးသွားလာနေလျက်။ နတ္ထိတို့ကျောင်းဖွင့်ခါနီး ဆယ်ရက်အလိုလောက်မှာတော့ ရောင်ဖြာ အိမ်ပြန်သွားသည်။ ဒါပေမဲ့လည်း ကျောင်းမဖွင့်မှီ သူငယ်ချင်းတွေခေါ်တာမို့ သူပြန်လာရသည်။ သူငယ်ချင်းတွေနဲ့အတူ ခရီးထွက်ဖို့ဖြစ်ပါ၏။
ခရီးကပြန်လာတော့ နတ္ထိရဲ့တိုက်ခန်းမှာပဲဆက်နေဖြစ်သည်။ ဒီနေရာလေးက သူတို့ရဲ့ အချစ်ဘုံနန်းလေးပဲမဟုတ်ပါလား ...
ရောင်ဖြာ့အတွက် ချစ်သူနဲ့အတူရှိနေတဲ့ နေ့ရက်တွေက သာယာလှသည်။ တခါတလေကျရင်လည်း နေစိမ့်သူက စကားအရာနဲ့ သူတို့နှစ်ယောက်ကြား ဝင်ရှုပ်တတ်သေး၏။ ထိုအချိန်တွေဆိုရင်တော့ ရောင်ဖြာတစ်ယောက် အပြုံးတို့လျော့ရဲသွားတတ်သည်။ နတ္ထိကို ပွင့်ပွင့်လင်းလင်းပြောပြရအောင်ကလည်း တစ်ဖက်လူက ခေါင်းရှုပ်မခံနိုင်တဲ့လူစား ...
ဒါ့အပြင် ဒီကိစ္စလေးအတွက်နဲ့လည်း မောင်နဲ့ အချင်းမများချင်ပါ။ ပြီးတော့ အစ်ကိုနေစိမ့်သူက မောင့်ရဲ့အချစ်ဦးဆိုတာ အစ်ကိုနေစိမ့်သူကပဲ ပြောခဲ့တာလေ။ မောင်ကိုယ်တိုင်ပြောတာမှမဟုတ်ပဲ။ တော်ကြာ မောင်က သူ့ကို စိတ်သဘောထားသေးသိမ်တဲ့သူလို့ ထင်သွားရင် ဘယ်လိုလုပ်မလဲ ...
မျက်ဝန်းပြာပြာတွေ၊ ခန္ဓာကိုယ်အရွယ်အစားတို့ တူနေတာကိုပင် မျက်ကွယ်ပြုထားခဲ့သည့် လင်းရောင်ဖြာတစ်ယောက် သူတွေးထင်ခဲ့တဲ့ ကိစ္စလေးဆိုတာဟာ တစ်နေ့မှာတော့ ကိစ္စကြီးဖြစ်လိမ့်မယ်မှန်း သတိမထားမိခဲ့ပါလေ ...
🍂🍂🍂🍂🍂
" Welcome ကျ လာမှာလား အချစ်ကလေး "
သုန်သုန်က သူ့ကိုတွေ့တော့မေးလာသည်။ အရင်နှစ်ကလည်း သုန်သုန်တို့ Welcome ကို သူလာခဲ့သည်လေ။ ဒါ့အပြင် ချစ်သူတစ်ယောက်ပါ အဆစ်ရလိုက်သေးသည်။ ပြောကာမှ မောင်နဲ့သူလည်း တစ်နှစ်တောင်ပြည့်တော့မှာပါလား ...
" ဟဲ့ ရောင်ဖြာရေ ... နင် ဘယ်ကိုများအာရုံတွေလွင့်နေတာလဲ "
" ဟင် ... ပြောလေ သုန်သုန် "
YOU ARE READING
ရင်ခုန်သံ နတ္ထိ { Completed ✅ }
Novela Juvenil✨ Own Creation ✨ နတ္ထိ + လင်းရောင်ဖြာ {Shared Universe 2} Start at ... Aug 5 , 2024 End ... Nov 10 , 2024 Boy love This story is written with both Unicode and Zawgyi