အပိုင်း (၁၄)

118 7 0
                                    

" မောင် ကျွန်တော်လေ မောင့်အိမ်ကိုမရောက်ဖူးသေးဘူးနော်။ မောင့်အခန်းလေးမြင်ဖူးချင်လိုက်တာ "

" ကျစ် ... အိမ်မှာက အဖေတို့ရှိသေးတယ်လေ။ ပြီးတော့ မင်းကိုငါပြောထားပြီးသား မင်းမိဘတွေနဲ့ လိုက်တွေ့ပေးတိုင်း မင်းကိုလည်း ငါ့မိဘတွေနဲ့တွေ့ပေးမှာမဟုတ်ဘူးလို့။ ငါက တဘဝစာလုံးအတွက် ရည်ရွယ်ထားတဲ့သူကိုမှ ငါ့မိဘတွေနဲ့တွေ့ဖို့ ခေါ်သွားပေးမှာ "

မောင်ပြောလာတဲ့စကားတို့က တစ်လုံးချင်း ပီပီသသ ... သူ့နားထဲတင်သာမက ရင်ဘတ်ထဲထိပါ စူးစူးနင့်နင့်စိုက်ဝင်ပါ၏။

ပြတ်သားလှတဲ့မောင်ဟာ သူ့ကို တဘဝလုံးအတွက် မရည်ရွယ်သေးမှန်း မောင့်စကားနဲ့တင် သူသိလိုက်ပါပြီ။ သူဟာ မောင့်အနားမှာနေဖို့ အရည်အချင်းမပြည့်မီသေးဘူးလား။ မောင်နဲ့အတူနေခွင့်ရဖို့အတွက် ဘာတွေများ လိုအပ်သေးပါသလဲ။

အစ်ကိုနေစိမ့်တုန်းကရော မောင် အခုလိုပဲပြောခဲ့တာလား။

ရောင်ဖြာ ဖွင့်ဟမေးလိုက်ချင်ပါ၏။ ဒါပေမဲ့လည်း သူ သတ္ထိမရှိပါလေ။

တကယ်တော့ မောင့်ကို သူ့အပိုင်ဖြစ်ကြောင်း ကြေညာမောင်းခတ်ချင်တာက အစ်ကိုနေစိမ့်ကြောင့်လည်း တစ်ပိုင်းတစ်စပါဝင်နေသည်။

မောင်နဲ့အခုချိန်ထိ အဆက်အသွယ်မပြတ်၊ တွေ့နေမြဲဖြစ်တဲ့ အစ်ကိုနေစိမ့်ဟာ ရောင်ဖြာ့ကို မထိတထိနဲ့ လာလာပြီးရန်စတတ်သေးသည်။ မောင်က ရောင်ဖြာနဲ့သူနဲ့ယှဉ်ရင် သူ့ကိုပဲ ဦးစားပေးရွေးချယ်ကြောင်း၊ ဒါဟာလည်း တသက်လုံးစာဖြစ်ကြောင်း ရောင်ဖြာ့အတွက်ကတော့ မောင့်အနားနေဖို့ အာမခံချက်မရှိကြောင်း စသည်ဖြင့် ...

အစ်ကိုနေစိမ့်ပြောလာသည်များက သွေးထွက်အောင်မှန်နေတဲ့အခါ ရောင်ဖြာ တုံ့ပြန်ခြင်းငှာ မစွမ်းသာပါပေ။

တကယ်လည်း မောင်က သူနဲ့အတူရှိနေချိန် အစ်ကိုနေစိမ့်ဖုန်းဆက်ခေါ်တာနဲ့ တခဏပင်မဆိုင်းငံ့ပဲ ချက်ချင်းထသွားတတ်သည်လေ။ ဒါက သူ့ထက် အစ်ကိုနေစိမ့်ကိုဦးစားပေးတယ်ဆိုတာ သိသာနေတာပဲမဟုတ်လား ...

ရင်ခုန်သံ နတ္ထိ { Completed ✅ }Where stories live. Discover now