အပိုင်း (၁၁)

85 8 1
                                    

ချစ်ရသူက စိတ်ဆိုးသွားမှန်း သိနေတဲ့ရောင်ဖြာတစ်ယောက် မောင့်ကိုချော့ဖို့ပြင်ရလေသည်။

ပေါ့ပေါ့ပါးပါး ရှပ်အင်္ကျီအသားရောင်ကို ဘောင်းဘီတိုအဖြူရောင်နဲ့ တွဲဖက်ဝတ်ဆင်ထားပြီး ကွင်းထိုးဖိနပ်အဖြူရောင်ကို စီးထားတဲ့ ရောင်ဖြာက ရှင်းသန့်နေပါ၏။ မြင်သူရင်ကို အေးစေသည့် အသွင်အပြင်ကြောင့် လမ်းတလျှောက်မှာ လည်ပြန်ငေးကြည့်ကြသူတွေလည်း မနည်းမနော ...

ရောင်ဖြာ့ဖုန်းက အသံမြည်လာတော့ ခေါ်ဆိုသူဟာ မောင်မှန်း တန်းသိလိုက်သည်။ မောင့်အတွက် သီးသန့် Ringtone ထားထားသည်မဟုတ်ပါလား။

" ဟုတ် မောင် "

📱 အခုဘယ်မှာလဲ။ အခန်းနံပါတ် ၂၀၈ ကိုလာခဲ့ 📱

" ဟုတ် "

မောင်ဟာဒီလိုပါပဲ။ စိတ်ဆိုးနေတာတောင် ချစ်ဖို့ကောင်းနေပါသေး၏။

~ ဒေါက် ဒေါက် ~

မောင့်အခန်းဆီရောက်တော့ တံခါးခေါက်လိုက်သည်။ သိပ်မကြာလိုက် ... မောင်က အခန်းတံခါးဖွင့်ပေးလာပါ၏။

" မောင့်ကိုလွမ်းနေတာ "

တွန့်ချိုးနေတဲ့မျက်ခုံးအစုံကို ဘယ်လိုပြေလျော့အောင် လုပ်ရမလဲဆိုတာ ရောင်ဖြာ အထာနပ်နေလေပြီ။ သူထင်တဲ့အတိုင်းပင်။ တံခါးဖွင့်လာတဲ့ မောင့်ရင်ခွင်ထဲ ပြေးဝင်ပြီး ခပ်တင်းတင်းဖက်ထားကာ မောင့်ကို မဝံ့မရဲလေး အကဲခတ်ကြည့်တော့ မောင့်မျက်ခုံးတို့က အတွန့်အခေါက်တွေ အနည်းငယ်ပြေသွားလေသည်။

ဒါပေမဲ့လည်း နှုတ်ခမ်းအစုံက တင်းတင်းစိထားဆဲဖြစ်‌တဲ့မောင်က သူ့ကိုငုံ့မိုးကြည့်လာရင်း

" ညာမနေနဲ့ "

" တကယ်ပြောတာပါ။ ကျွန်တော် စွဲညှို့နဲ့တစ်ခန်းယူလိုက်တယ်ဆိုတာကလည်း မောင်နဲ့တစ်ခန်းအတူနေရင် သူတို့သိသွားကြမှာစိုးလို့ပါ။ မောင်စိတ်မရှိရင် ကျွန်တော် မောင့်ဆီလာခဲ့မယ်လေ "

" အမ်း "

မောင်က သဘောတူသလိုအသံပြုပြီးတာနဲ့ သူ့ကိုငုံ့နမ်းလာသည်။ တံခါးမှာဖိကပ်ထားကာ သူ့ခါးကို တင်းကြပ်နေအောင်ဖက်ထားပြီး အကြမ်းပတမ်းအနမ်းခြွေနေတဲ့မောင့်ကြောင့် သူ အသက်ရှူပင်မှားရသည်အထိ ...

ရင်ခုန်သံ နတ္ထိ { Completed ✅ }Where stories live. Discover now