အပိုင်း (၁၉)

60 5 0
                                    

လင်းတို့ရှိရာဘက်ကို ရောက်သွားပါသော်လည်း သူ ဘာဆက်လုပ်ရမလဲကြံဆမရပေ။ လင်းရောင်ဖြာရဲ့လက်ကိုဆွဲကာ ထိုကောင်မလေးဘေးက ခေါ်ထုတ်သွားချင်သော်လည်း သူ့တွင် လုပ်ပိုင်ခွင့်ဟူ၍ တစ်စက်ကလေးမှရှိမနေပါချေ။

" လင်း ... "

" ဟုတ်ကဲ့ "

" ရောင်ဖြာ ... နင်တို့က သိကြတာလား။ ခုနကပြောတော့ နင်နဲ့မသိတဲ့လူဆို "

လင်းရဲ့ဘေးကကောင်မလေးရဲ့စကားကြောင့် နတ္ထိ နှုတ်ခမ်းစေ့ထားမိသည်။ ဟန်ဆောင်ပြုံးတစ်ခုကို နှုတ်ခမ်းထက်ပေါ်လာအောင် ကိုယ့်ကိုယ်ကိုယ်အတင်းဖိအားပေးလိုက်ရင်း

" တွေ့ရတာဝမ်းသာပါတယ်။ ကိုယ်က လင်းရဲ့ ... "

" ဒီတိုင်း စွဲညှို့တို့ဆီအလည်သွားရင်း သိလာခဲ့တာပါ။ အရမ်းလည်း ရင်းနှီးတဲ့ဆက်ဆံရေးမဟုတ်လို့ နင်တို့ကိုမပြောဖြစ်တာ "

လင်းက ဖြတ်ပြောလာတော့ နတ္ထိမျက်နှာပျက်သည်။ အရင်တချိန်က သူနဲ့လင်းရဲ့ဆက်ဆံရေးကို အပြင်လူမသိစေဖို့ ပြောခဲ့တဲ့သူက သူသာ‌လျှင်ဖြစ်သော်လည်း ယခု လင်းဘက်က ဘာမှမသက်ဆိုင်သူတွေလို ပြောလာချိန်မှာတော့ သူ ခံနိုင်ရည်မရှိပါချေ။

ထိုကောင်မလေးတင်မက လင်းရဲ့သူငယ်ချင်းတွေရှေ့မှာပါ ချစ်ရသူလက်ကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း လင်းရောင်ဖြာရဲ့သက်ဆိုင်သူဟာ သူသာလျှင်ဖြစ်ပါကြောင်း ကြေညာမောင်းခတ်လိုက်ချင်မိပါ၏။ သို့သော်လည်း သူ့တွင် ဘာပြောပိုင်ခွင့်မှ ရှိမနေ။ လင်းရဲ့စိတ်တွေပြန်လည်လာဖို့တောင် ကြိုးစားနေဆဲအခြေအနေပင်မဟုတ်ပါလား ...

" အခုက ဘာပြောစရာများရှိလို့လဲဗျ "

ယဉ်ကျေးတဲ့အသုံးအနှုန်းကို သုံးနေကျဖြစ်ပါသော်လည်း ယခုအခါတွင်တော့ သူစိမ်းဆန်နေသည့်ဟန် နတ္ထိခံစားလိုက်ရပါ၏။

" လင်းကိုလာကြိုတာ။ သူငယ်ချင်းတွေနဲ့တွေ့ပြီးရင် ပြန်ကြမယ်နော် ~ "

လေသံကို အတတ်နိုင်ဆုံး တိုးလျပျော့ပျောင်းနေအောင် နတ္ထိ သတိတကြီးထားကာ ပြောမိသည်။ မျက်ဝန်းအစုံကတော့ လင်းရဲ့မျက်နှာနုနုပေါ်မှာသာ အစဉ်ကပ်ငြိနေလျက် ...

ရင်ခုန်သံ နတ္ထိ { Completed ✅ }Where stories live. Discover now