အပိုင်း (၃)

90 4 0
                                    

Welcome ပြီးသွားတော့ နတ္ထိက ရောင်ဖြာ့ကိုခေါ်ထုတ်လာသည်။ ပိုင်စိုးပိုင်နင်းဆန်နေတဲ့ သူ့ရဲ့အပြုအမူတွေကို နတ္ထိတစ်ယောက် သတိမထားမိပါပဲ ရောင်ဖြာ့ကို သူတစ်ယောက်ထဲအနားမှာသာ‌ ရှိနေစေချင်တာဖြစ်သည်။

" အစ်ကို ... ကျွန်တော်တို့ဘယ်သွားမလို့လဲဟင် "

" ဒီအတိုင်းလျှောက်သွားရုံပေါ့ "

တကယ်လည်း နတ္ထိမှာ ဘာအစီအစဉ်မှမရှိ။ ရောင်ဖြာ့ဘေးနားကို တမင်ကပ်ပြနေသည့် သုန်သုန်ဆိုတဲ့ကောင်မလေးကြောင့် သူ ခေါ်ထုတ်လာခြင်းဖြစ်သည်။

နတ္ထိက နှုတ်ဆိတ်သွားတာမို့ ရောင်ဖြာလည်း ဘာမှဆက်မမေးပါပဲ နောက်ကနေသာ တိတ်တဆိတ်လိုက်ပါလာခဲ့သည်။ ခြေဦးတည့်ရာလျှောက်သွားရင်းမှ

" မင်းကို ငါတို့ကျောင်းကိုလိုက်ပြမယ် "

ဆိုင်ကယ်စတန်းနားရောက်တော့ နတ္ထိကပြောလာသည်။

" ဟုတ် အဲ့လိုဆိုလည်း ကျေးဇူးပါဗျ။ ကျွန်တော် တကယ်ကို ဒီကျောင်းကို နှံ့အောင်မရောက်သေးဘူးရယ် "

နတ္ထိစကားတစ်ခွန်းဆိုတစ်ခွန်း ခေါင်းညိတ်နာခံတတ်တဲ့ မျက်ဝန်းပြာလေးကြောင့် နတ္ထိ ကျေနပ်သွားသည်။ ဆိုင်ကယ်စတန်းမှ အနက်ရောင်ဆိုင်ကယ်ကိုထုတ်ရင်း

" ကဲ ... တက် ... "

ရောင်ဖြာလည်း နာခံစွာ ဆိုင်ကယ်ပေါ်တက်လိုက်သည်။ လက်နှစ်ဖက်ကတော့ နတ္ထိရဲ့အင်္ကျီအစကို ကိုင်ထားလျက်

နတ္ထိက ရောင်ဖြာ့ကို ချစ်သူ့ပန်းခြံဆီခေါ်သွားသည်။ ပန်းပေါင်းစုံပွင့်လန်းနေတဲ့အပြင် အရိပ်အာဝါသရသည့် သစ်ပင်ကြီးတွေလည်း ရှိနေတာမို့ ချစ်ရသူနဲ့ အေးအေးလူလူနေချင်ကြသူတွေအတွက် အသင့်တော်ဆုံးပင်။

" ရောက်ပြီ "

နတ္ထိကပြောလာတာမို့ ရောင်ဖြာသည်လည်း အူကြောင်ကြောင်လေးနဲ့ ဆင်းလိုက်သည်။ သူ့ကိုဘာလို့များ ဒီကိုခေါ်လာပါလိမ့်။

ဘေးဘီဝဲယာကိုကြည့်လိုက်တော့လည်း သူသူကိုယ်ကိုယ် အတွဲကိုယ်စီနှင့်။ ချစ်ကြည်နူးနေကြသည့် ငှက်ကလေးများကိုကြည့်ရင်း ရောင်ဖြာ အားကျစိတ်တို့ လျှံတက်လာပါ၏။

ရင်ခုန်သံ နတ္ထိ { Completed ✅ }Where stories live. Discover now