အပိုင်း (၂၃)

126 8 0
                                    

" လင်း ... ဘယ်သွားမလို့လဲ "

ဧည့်ခန်းမှာ Laptop တစ်လုံးနဲ့အလုပ်ရှုပ်နေတုန်း အနားကဖြတ်လျှောက်သွားသူလေးဟာ သူတစ်ယောက်လုံးကိုတောင် သတိမပြုမိတဲ့ပုံ။

အလုပ်ပိတ်ရက်မို့ နတ္ထိတစ်ယောက် အိမ်ကပ်နေပါ၏။ ပေါ့ပေါ့ပါးပါး တီရှပ်လက်ပြတ်တစ်ထည်နဲ့ ခပ်ပွပွ ဂျင်းဘောင်းဘီရှည်တစ်ထည်ကိုသာ ဝတ်ဆင်ထားတဲ့နတ္ထိက ဆံပင်ခွေကောက်ကောက်တို့ကို ထုံးစံအတိုင်း တဝက်စည်းနှောင်ထားလျက် ...

လေ့ကျင့်ခန်းမပြတ်လုပ်နေသူမို့ လက်မောင်းကြွက်သားတွေကလည်း ထင်းလင်းစွာထွက်ပေါ်နေပါ၏။

စားပွဲပေါ်မှာ Laptop ကိုတင်ထားလျက် ဘေးတွင်တော့ ကော်ဖီတစ်ခွက်ရှိနေသည်။ သွေးကြောစိမ်းတို့ထောင်ထနေသည့် လက်ဖမိုးနဲ့ keyboard ပေါ်မှာပြေးလွှားလျက်ရှိတဲ့ လက်ချောင်းရှည်ရှည်တို့ဟာ အကြည့်မလွှဲချင်စရာကောင်းလောက်အောင်ကို စွဲဆောင်မှုတို့နဲ့ ပြည့်နှက်နေလျက် ...

ဒါပေမဲ့လည်း ချစ်ရသူလေးကတော့ သူ့ကိုပင်မမြင်ပါပဲ ကျော်သွားလေ၏။

ကျောင်းပိတ်ရက်တွေဆို လင်းနဲ့အတူ နှစ်ယောက်တည်းနေချင်ပါသော်လည်း ချစ်ရသူလေးကတော့ သူ့အနားမနေရလေ ကောင်းလေပင်။

အခုလည်း အပြင်ထွက်ဖို့ပြင်နေပြန်ပါပြီ။

" အိမ်ပြန်မလို့ "

" မောင်လိုက်ပို့ပေးမယ်လေ "

အလုပ်လုပ်နေတာကိုရပ်တန့်ကာ ကားသော့ကိုယူပြီး လင်းရဲ့လက်ကိုဆွဲလို့ အပြင်ထွက်လာခဲ့သည်။ လင်းနဲ့အတူမှပဲ ပြန်လာတော့မည်။ ကြင်သူအနားမှာမရှိပါပဲ တိတ်ဆိတ်နေတဲ့တိုက်ခန်းထဲ တစ်ယောက်ထဲမနေလိုပေ။

အိမ်ကိုရောက်တော့ လင်းရဲ့မိဘတွေ ရှိ‌မနေ။

" မေမေတို့လည်းမရှိပါလား "

" ဈေးခဏသွားတာထင်တယ်။ စောင့်ကြည့်လိုက်အုံးမယ်။ ခင်ဗျားပြန်နှင့်လိုက်လေ "

" မောင်လည်းဒီမှာပဲနေမလို့လေ။ လင်းနဲ့မှအတူတူပြန်မလားလို့ "

လင်းက ဘာမှမပြောပေမဲ့ တွန့်ချိုးလာတဲ့မျက်ခုံးတို့ကြောင့်

ရင်ခုန်သံ နတ္ထိ { Completed ✅ }Where stories live. Discover now