👑ဘုရင့်မူပိုင်👑
Segment 👑22👑
ကားလေးကတဝူးဝူးမောင်းနှင်လာရင်း
အိမ်နဲ့ဆန့်ကျင်ဘက်ဖြစ်သောလမ်းကို
မောင်းနေတာမို့ ဘုံ နည်းနည်းလေးတော့
ကြောင်သွားမိ၏။“ဆင်း သည်းငယ်...."
ကိုကိုက ဆိုင်တစ်ဆိုင်ရှေ့ကားရပ်လိုက်သလို
ဘုံ့ဘက်ကတံခါးကိုလာဖွင့်ပေးလေသည်။
♔︎♕︎𝑅𝑂𝑌𝐴𝐿 𝑀𝐴𝐻𝐴𝑅♕︎♔︎
ဆိုင်ရဲ့ဆိုင်းဘုတ်ကိုဖတ်မိရင်းမှ
ဘုံ အထဲကိုကြည့်လိုက်တဲ့အခါ ကောင်တာမှာ
ထိုင်နေသော မမနန်းကိုအပြင်ဘက်မှန်ကနေ
တိုးလျိုးပေါက်မြင်နေရ၏။
ဒါ ဒါ မမနန်းတို့ဆိုင်လား??“ဘာကြောက်စရာရှိလဲ....ကိုယ်ပြောတာတွေ
နားထဲပြန်ကြားယောင်ထား...."လက်ကိုတင်းတင်းလာဆုပ်ကိုင်ရင်းအထဲကို
ခေါ်လာတာမို့ အဲကွန်းရဲ့အအေးဓာတ်က
အသည်းထဲထိစိမ့်ခနဲဖြစ်သွားသလို.....။“မင်္ဂလာပါရှင်...."
ဝန်ထမ်းမလေးရဲ့အပြောကြောင့်စာရင်းကြည့်နေတဲ့
နန်းမျက်ဝန်းတွေမော့တက်လာကာ
မြင်လိုက်ရသောဘုရင့်မျက်နှာကြောင့်စူးရဲသွားသည်။“ဘာလာလုပ်တာလဲ...."
“အဟင်း ဒီလိုပါပဲလမ်းကြုံလို့...."
“အဟားဟား ပိုက်ဆံလိုလို့ရောက်လာရင်
ဒဲ့ပြောပေါ့...အရှက်ပြေတွေရွှီးမနေနဲ့.....”“အင်းပါအဲ့လိုဆိုတော့လဲအဲ့လိုပေါ့....
ဒါနဲ့မနန်းတော်ဝင်ကိုမိတ်ဆက်ပေးရအုံးမယ်....
မှတ်ထားနော် သူ့နာမည်ကပန်းနိဗ္ဗာန်ဘုံ...
ကျွန်တော့ဇနီးပေါ့...အွန်း ပြီးတော့နောက်ဆို
ဒီဆိုင်ရဲ့အမြဲတမ်းဖောက်သည်လဲဖြစ်လာလိမ့်မယ်..."“ဘာ!...."
နောက်ရွှန်းရွှန်းပုံနဲ့ပြောလိုက်တော့
နန်းက ဟန်မဆောင်နိုင်စွာ မျက်နှာပျက်ယွင်းရင်း
အော်လိုက်မိတဲ့အထိ...>ဝန်ထမ်းမလေးတွေလန့်ကုန်တာမို့ မျက်နှာပြန်ထိန်းကာ ဘုရင့်ကိုမော့ကြည့်လိုက်တော့
လက်ညှိုးနဲ့လက်ခလယ်ကြားညှပ်ထားတဲ့
အဖြူရောင် ကဒ်ပါးလေးတစ်ခုကိုသူမရှေ့
ချပေးကာ
YOU ARE READING
👑ဘုရင့်မူပိုင်👑 {Complete}
Romanceကျန်တာတွေမလိုတဲ့ကိုယ့်ဘဝမှာ မင်းရှိရင်ရပြီ ကိုယ်ရဲ့မူပိုင်လေး💞💞