👑👑23 Uni👑👑

2.5K 33 0
                                    

👑ဘုရင့်မူပိုင်👑

                Segment 👑23👑

ဘုံနဲ့ကိုကို နေ့တိုင်းထိုဆရာမအိမ်မှာ
ညဝိုင်းလိုသွားသင်ကာ စာတွေတော်တော်
လိုက်လာန်ုင်ပြီဖြစ်သည်။
ဆရာမဆိုတာစေတနာရင်းပြီး‌သင်ပေးပေမဲ့
ကိုကိုက ကျေးဇူးတင်တာမို့ ဆရာမကို
လခသဘောမျိုးနဲ့ ပိုက်ဆံကန်တော့လေ၏။

ဆရာမကမယူချင်အတင်းငြင်းပေမဲ့ ကိုကို့ရဲ့
ဇွတ်ကျပုံကိုမခံနိုင်တာမို့
နောက်ဆုံးယူလိုက်ရလေသည်။

“ဆရာမစိတ်ဆိုးသွားရင်ဒုက္ခပါကိုကိုရယ်...."

“မဆိုးပါဘူး ကိုယ်ကဒီလိုပဲဇွတ်ကျတာ
ဆရာမကဟိုအရင်ထဲကသိထားပြီးသား...."

ထမင်းစားပြီးဆိုဖာမှာထိုင်ကာ နှစ်ယောက်သား
အေးဆေးစကားပြောဖြစ်ကြ၏။
သူမကစတုတ္ထနှစ်စတက်တာမို့ စာတွေကို
အစိမ်းသပ်သပ်ဖြစ်နေပေမဲ့ညဏ်ကောင်းတဲ့သူ့အဖို့
ပြန်နွှေးရသလိုပဲဖြစ်ကာအရင်လွတ်သွားသော
စာတွေ အသာလေးပြန်လိုက်နိုင်သည်။

ထို့ကြောင့်ဆရာမဆီသင်ပြီးအိမ်ပြန်ရောက်တဲ့အထိ
သူမမှာမအားလပ်နိုင်ပဲ စာသာဖိလုပ်ရင်း
တစ်လလောက်အချိန်မှာ သူမပိန်သွားတာအရမ်း
သိသာလွန်း၏။

“စာလုပ်ချင်စိတ်နည်းနည်းလေးလျော့လို့ရလား...."

“မရဘူး ဘုံကကိုယ်ပိုင်ဝင်ငွေနဲ့ မေမေ့ကို
တင့်တောင့်တင့်တယ်ထားချင်တာ....မေမေက
ကုန်စုံဆိုင်ဖွင့်ရတာဝါသနာပါလို့ ဘုံက
ပိုက်ဆံရှာပြီးမေမေ့ကိုဒီမှာပဲဆိုင်လေး
ဖွင့်ပေးချင်တာ...."

“ကိုယ့်ဆီမှာပိုက်ဆံရှိတာပဲ...."

“မတူဘူးလေကိုကိုရယ်...."

ပြောရင်းသူမမျက်ဝန်းလေးတွေငြိမ်သွားတာမို့
ဘုရင် သူမရဲ့နွေးထွေးသောလက်လေးကို
ဆုပ်ကိုင်လိုက်ကာ

“ဘုံ ကိုယ့်မျက်လုံးကိုကြည့် မင်းကိုအခါခါ
ပြောပြီးသား ကိုယ်နဲ့ရှိရင် စည်းတွေဘောင်တွေ
မထားပဲမိသားစုလိုသဘောထားပေးပါဆိုတာ..
ကိုယ့်မှာမိသားစုဆိုလို့လောလောဆယ်မင်းပဲရှိတယ်
မင်းကပါတစိမ်းလိုလိုက်ပြီးတွက်ချက်နေမယ်ဆို ကိုယ့်ရင်ထဲဘယ်လောက်ခံစားရမလဲသိလား....”

👑ဘုရင့်မူပိုင်👑 {Complete}Where stories live. Discover now