👑👑35+36 Uni👑👑

5K 111 3
                                    

👑ဘုရင့်မူပိုင်👑

          Segment 👑35+36👑

ပိန်လှီဖျော့တော့နေသောအမေဖြစ်သူကို
ကြည့်ရင်း ဘုရင် မျက်ရည်တို့ဝဲလာရသည်။

ကျွန်တော့အမေရယ်!!!

ရော့ရဲတွဲကျနေတဲ့လက်တစ်ဖက်ကို
နှုတ်ခမ်းနဲ့ခပ်ဖွဖွထိကပ်ရင်း
အသံတ်တ်မျက်ရည်ကျမိ၏။

ဘုံလဲကိုကို့ကိုစိတ်မချမ်းသာစွာကြည့်၍
စီးကျလာသောမျက်ရည်တို့ကို
မတားဆီးလိုက်နိုင်ပါ!!!!
စိတ်မကာင်းလိုက်တာကိုကိုရယ်၊

ကိုကို့အမေဆိုတဲ့အန်တီကြီးက
မျက်တွင်းတွေချိုင့်ခွက်နေကာ
ပါးရိုး‌ထိုးထိုးထောင်ထောင်နဲ့ သွားတွေခေါပြီးအပြင်ထွက်နေသည်။
မွဲခြောက်နေတဲ့အသားအရေနဲ့အတူ
ပိန်လှီနေတာမို့ မြင်သူအဖို့စိတ်မချမ်းသာစရာပါ!!!

“သား‌အမေကို ‌အန်တီတို့ကျောက်ကပ်လဲပြီးကုပေးထားလို့ သူဒီလောက်ထိနေနိုင်တာလို့ဆရာဝန်ပြောတယ် မဟုတ်ရင်...."

ဆက်မပြောနိုင်ပဲအသံတိမ်ဝင်သွားတဲ့ဒေါ်လေးကြောင့် ဘုရင် ရင်ထဲပိုမို
လှိုက်တက်လာကာ အားရအောင်ငိုလိုက်မိတဲ့အထိ!!!

ပြီးတော့မှစိတ်တို့ကိုပြန်လျှော့ချကာ
မျက်ရည်တွေနှာရည်တွေကိုပွတ်သုပ်ရင်း
အန်တီ့ကိုငဲ့ကြည့်၍

“အန်တီ ကျွန်တော်အမေ့ကိုမြို့ကိုပဲ
ပြန်ခေါ်သွားမယ် ဟိုမှာကောင်းတဲ့
ဆေးရုံတစ်ခုခုမှာထားပြီး ကျွန်တော်
သေချာဂရုစိုက်မယ်......’

ငြင်းဆန်ဖို့ဆန္ဒမရှိသည်မို့ ဒီကောင်လေး
ကောင်းသလိုစီစဉ်တာကိုသာ သူမ
လက်ခံလိုက်မည်။

ဘာမှအခက်အခဲမရှိတာမို့ ဘုရင်
မျက်နှာကိုပြုပြင်ကာ ဆေးရုံအုပ်ဆီသွား၍ အမေ့ကိုအိမ်ပြန်ခေါ်သွားချင်ကြောင်းပြောလိုက်၏။

ဆေးရုံအုပ်ကတော့ လူနာကိုစိုးရိမ်လို့
အိမ်ကိုမသယ်ခိုင်းပေမဲ့ ဘုရင် ငွေနည်းနည်းပေးကာအလိုအပိုပြောလိုက်တော့ မတတ်နိုင်တဲ့အဆုံး ဆရာဝန်က
ခေါင်းညိမ့်လေသည်။
အဆင်ပြေကာမှဘုရင် အကူအညီတောင်းကာဆေးရုံကားနဲ့သူ့ဗီလာကိုပဲ
လိုက်ပို့ခိုင်းလိုက်၏။

👑ဘုရင့်မူပိုင်👑 {Complete}Where stories live. Discover now