Unicodeမြို့ပြတစ်ခုရဲ့နာမည်အကြီးဆုံးအဆောက်အဦးတစ်ခုရဲ့အတွင်းဘက်၌ ဖျော်ဖြေပွဲတစ်ခုကျင်းပလို့နေကာ လူအများပြည့်နှက်လို့နေသည်။ ထိုပြဲက ဒီနှစ်ထဲ ဆယ်ကျော်သက်မိန်းမကလေးတွေကြားရေပန်းအစားဆုံးဖြစ်နေတဲ့ The Devil ဆိုသည့် Idolအဖွဲ့တစ်ဖွဲ့ရဲ ပထမဆုံး Concert တစ်ခုဖြစ်သည်။
"Wow......"
"Devil.....Devil.....Devil"
"Arrr.......I love U Devil"
စင်အောက်ကအားပေးသံအဆူအညံတွေနဲ့အတူ စင်ပေါ်မှာကြိုးစားဖျော်ဖြေနေတဲ့အဖွဲ့နဲ့က စီးချက်ညီလို့နေသည်။ အချိန်သုံးနာရီအတွင်း Musical / Dancing အစုံအလင်နဲ့ဖျော်ဖြေသွားပြီး နောက်ဆုံး Fan များနဲ့တွေ့ဆုံနှုတ်ဆက်ကာပွဲကိုအပြီးသက်လိုက်ကြသည်။
"Congratulations my baby Devil"
" ကျေးဇူးတင်ပါတယ် CEO "
ပွဲပြီးတော့ စင်အနောက်ဘက်မှာ Staffတွေနဲ့အတူ CEOကိုယ်တိုင်ကပါ သူတို့အဖွဲ့ကိုကြိုဆိုအားပေးလက်ခုတ်သံများနဲ့ဂုဏ်ပြုကြိုဆိုကြသည်။
"မင်းတို့အရမ်းတော်ကြတာပဲ ပထမဆုံးပွဲမှာတောင်ဒီလောက်လုပ်နိုင်တာ နောက်ဆိုအများကြီးအောင်မြင်လာတော့မှာငါအာမခံတယ်"
"အာ....ကျွန်တော်တို့အခုလိုအောင်မြင်လာတာ CEOရဲ့ကျေးဇူးတွေလဲပါပါတယ်"
"ဟုတ်ပါတယ်"
leaderဖြစ်တဲ့ Joeရဲ့ပြောစကားကိုကျန်အဖွဲ့ဝင် T-yo နဲ့ Leo ကထောက်ခံသံယောင်လိုက်သော်လည်း Dask ဆိုတဲ့ကောင်လေးကတော့ သူနဲ့မဆိုင်သလိုသာရပ်နေသည်။
"ဟုတ်ပါပြီ အားလုံးလဲပင်ပန်းသွားကြပြီဆိုတော့ ဒီညအားလုံးတွက် After Partyတစ်ခုကိုယ်စီစဉ်ပေးထားတယ်"
"ရေး....ဒါမှငါတို့CEOကြ ကျေးဇူးတင်ပါတယ်"
"ဒါဆို ကိုယ်ပြန်တော့မယ် ခွင့်ပြုကြအုံး"
ဝဿန် အကုန်လုံးကိုနှုတ်ဆက်ပြီး အိမ်ပြန်ဖို့ကားပါကင်ဆီကိုလျှောက်လာခဲ့သည်။ ကားပါကင်ရောက်တော့ အနောက်ကကပ်ပါလာတဲ့ မန်နေဂျာကိုလှည့်ကြည့်ကာ
"မေရီ ကိုယ်ဘာသာပဲပြန်လိုက်တော့မယ် မင်းလည်းပင်ပန်းနေတာနားလိုက်အုံး ညကြရင်ကလေးတွေကိုဂရုစိုက်ရအုံးမယ်မဟုက်လား"
![](https://img.wattpad.com/cover/375736770-288-k806601.jpg)
YOU ARE READING
The devil in disguise
Action18+ဒွိလိင်ပါ စကားလုံးအတိအကျများရေးသွင်းဖော်ပြထားပါ၍ မကြိုက်နှစ်သက်ပါကမဖက်ရှုဖို့မေတ္တာရပ်ခံပါတယ်