Unicode
"မေသူ!!.....နင်ကဘာလို့အလုပ်ထွက်လုပ်တာလဲ အခုချက်ချင်းအဲ့အလုပ်ကိုထွက်လိုက်"
"ကိုကြီးကလည်း မေသူဘွဲ့ရပြီးဒီတိုင်းမနေချင်ပါဘူး ပြီးတော့.."
"ဘာဆင်ခြေမှမပေးနဲ့ နင်အိမ်မှာမရှိလို့ အန်တီအခုလိုဖြစ်ရတာ "
ဇွဲအန်တီမေနှင်း မူးလဲတယ်ဆိုတဲ့သတင်းကြားကြားခြင်းဆေးရုံကိုအပြေးလိုက်လာတာ ဒီရောက်တော့ မေသူကအန်တီအနားမှာမရှိ အန်တီမေနှင်းကိုလမ်းထဲကလူတွေဆေးရုံလိုက်ပို့တာကိုသိတော့ ဇွဲစိတ်တိုသွားသည်။ အန်တီမေနှင်းလို နှလုံးရောဂါသည်က ဆေးရုံသာအရောက်နောက်ကျရင် အသက်ပါပေးရနိုင်တယ် ဒါကိုသိသိရက်နဲ့အလုပ်ထွက်လုပ်တဲ့ မေသူကိုသာ ဇွဲအမှုန့်ကျိတ်ပြစ်ချင်သည်။
"သားဇွဲ.....သမီးငယ်ကိုမဆူပါနဲ့ကွယ် အန်တီအပြစ်တွေပါ"
"နင်အလုပ်လုပ်တာ တစ်လဘယ်လောက်ရလဲ"
"ငါး....ငါးသိန်း"
"ငါပေးမယ် အန်တီအနားမှာပဲနေ"
"ကိုကြီးကလည်း"
ဒေါ်မေနှင်းတစ်ယောက် ဇွဲနဲ့သမီးဖြစ်သူကိုကြည့်ပြီး ခေါင်းခါမိသည်။ တစ်ယောက်ကလည်းအကိုကြီးသိပ်လုပ်ချင်သလို တစ်ယောက်ကလည်း ချစ်ကြောက်ရိုသေ။ သားဇွဲက ဂျစ်ကန်ကန်နိုင်ပင်မဲ့ သူတို့သားမိအပေါ် မိသားစုအရင်းသဖွယ်စောင့်ရှောက်သည်။
"အန်တီ နေရတာသက်သာရဲ့လား တစ်ခုခုဖြစ်ရင်ကျွန်တော်ကိုပြောဖို့မှာထားတာကို"
"နေသာပါတယ် သားဇွဲရယ် အန်တီကြောင့်အလုပ်တွေပျက်ရကုန်ပြီ"
"ရပါတယ်အန်တီ ဒါကကျွန်တော်သက်သက်ကန်တော့တာပါ ဆေးရုံစရိတ်လည်းကျွန်တော်အကုန်ရှင်းထားခဲ့ပြီးပါပြီ အန်တီစိတ်မပူနဲ့နော်"
"မဟုတ်တာသားရယ် သားပေးထားတာတွေအန်တီတို့မှာရှိပါသေးတယ် မယူပါရစေနဲ့"
"ကျွန်တော်ကိုစိတ်မကောင်းမဖြစ်အောင်မလုပ်ပါနဲ့အန်တီယူထားလိုက်ပါ ကျွန်တော်ကဒီထက်တောင်ပိုထောက်ပံ့သင့်ပါတယ်"
"မဟုက်တာကွယ်..."
ဒေါ်မေနှင်းတစ်ယောက်မျက်ရည်တွေဝဲကာ ဇွဲရဲ့ခေါင်းလေးကိုဖွဖွလေးပွတ်သက်ပေးသည်။
YOU ARE READING
The devil in disguise
Action18+ဒွိလိင်ပါ စကားလုံးအတိအကျများရေးသွင်းဖော်ပြထားပါ၍ မကြိုက်နှစ်သက်ပါကမဖက်ရှုဖို့မေတ္တာရပ်ခံပါတယ်