EP 34

1.8K 131 16
                                    


Unicode

အချိန်အနည်းငယ်ကြာတော့ ဝဿန်ကိုအရေးပေါ်အခန်းကနေ Private အခန်းဆီသို့ပြောင်းခေါ်လာကြကာ ဆရာဝန်နဲ့Nurseက လိုအပ်တဲ့ဆေးစစ်ချက်တွေလုပ်ခဲ့သည်။

"လူနာက မေ့ဆေးအရှိန်ကြောင့်အိပ်ပျော်နေတာပါ စိုးရိမ်စရာတော့မရှိတော့ပါဘူး"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဒေါက်တာ"

မေရီ ကျေးဇူးတင်ကြောင်းပြောလိုက်ပြီး ဒေါက်တာတို့ပြန်ထွက်သွားတဲ့အခါ မေရီ ဇွဲကိုကြည့်ပြီး သက်ပျင်းခက်သဲ့သဲ့ချလိုက်၏။ ဇွဲကဆရာကုတင်ဘေးမှာထိုင်ကာ ဆရာလက်တစ်ဖက်ကိုဆုပ်ကိုင်ရင်း အိပ်ပျော်နေတဲ့ဆရာကိုငေးကြည့်လို့နေသည်။

"ငါလုပ်စရာလေးတွေရှိလို့ ပြန်လိုက်အုံးမယ်ဇွဲ မနက်ကြရင်ပြန်လာခဲ့မယ် "

အချိန်လည်းမိုးချုပ်နေပြီမို့ မေရီပြန်ဖို့ပြောလိုက်တော့ ဇွဲကတုတ်တုတ်ပင်မလှုပ် မေရီလည်းဆက်မပြောတော့ပဲအလိုက်တသိအခန်းထဲကနေ တိတ်တိတ်လေးထွက်လာခဲ့လိုက်သည်။

*ဘာလို့ ဒီလိုတွေဖြစ်ရတာလဲ။ ဘာကြောင့် ကျွန်တော်တို့မှလည်း။ ကျွန်တော်တို့ ဘာတွေများမှားခဲ့လို့လည်း ဦးရယ်*

ဇွဲဟာဝဿန်လက်ကိုဆုပ်ကိုင်ရင်း မျက်ရည်တွေဟာသူ့အလိုလိုကျနေတော့သည်။ သူ့ခေါင်းထဲလဲအတွေးများစွာဟာလည်းဝင်ရောက်နေပြီး သူတို့အချစ်တွေဟာမစစ်ခဲ့လို့မြန်း ဒီလိုတွေဖြစ်လေသလားဟု မကောင်းတဲ့ဘက်ကတွေးမိသေးတယ်။ ဇွဲတစ်ညလုံးအတွေးပေါင်းစုံဖြင့် ဝဿန်ဘေးနားတစ်ညလုံးထိုင်နေခဲ့ကာ အိပ်ပျော်နေတဲ့ဝဿန်ကိုတစ်ညလုံးမအိပ်ပဲစောင့်ပေးနေခဲ့သည်။

မနက်မိုးသောက်အလင်းရောက်လာသည့်အခါ  နေမင်းကြီးနဲ့အတူအလင်းရောင်တို့ဟာတဖြေးဖြေးပေါ်ထွက်လာ၏။ ထိုအချိန် မေ့ဆေးအရှိန်နဲ့တစ်ညလုံးနှစ်ချိုက်စွာအိပ်ပျော်နေတဲ့ ဝဿန်ခန္တာကိုယ်ဟာလည်း ကုတင်ပေါ်မှာစတင်လှုပ်ရှားလို့လာကာ မျက်တောင်တွေတဖျတ်ဖျတ်ခတ်ရင်း မျက်လုံးများဖြေးဖြေးချင်းပွင့်လာ၏။

ဝဿန်လေးလံနေတဲ့မျက်ခွံများဖြင့် မျက်လုံးတွေကိုအားယူပြီးဖွင့်လိုက်တော့ အရင်ဆုံးမြင်တွေ့ရသည်က မျက်နှာချက်အဖြူရောင်ကြီးတွေကိုဖြစ်၏။အဲ့ဒီနောက် တဆက်တည်းဆိုသလို မနေ့ကအဖြစ်ပျက်တွေကိုပြန်တွေးမိကာ သူရဲ့ဆုံးဖြတ်ချက်ကဇွဲအပေါ်မတရားသလိုဖြစ်ခဲ့သည်။

The devil in disguiseWhere stories live. Discover now