EP 22

5.8K 131 2
                                    


Unicode

"ဟဲ့.....နင်ဟိုသတင်း နင်ကြားပြီးပြီလား"

"ဘာသတင်းလဲဟ"

"နင်မသိသေးဘူးလား ဒီလောက်ရပ်ကွက်ထဲမှာပြောနေကြတာ "

"ဟုတ်လား"

"အေး ရပ်ကွက်ထဲကားအကောင်းစားတစ်စီးအမြဲဝင်ထွက်နေတာနင်သိတယ်မှက်လား"

"အေး.."

"အဲ့ဒါ ဟိုသားမိနှစ်ယောက်အိမ်ကို လာလာနေတာတဲ့ ဘာတွေလဲတော့မသိဘူး"

"နင်ကလဲ သေချာလို့လား"

"ဟုတ်ပါတယ်ဆို မနက်မနက်ဆို အဲ့အိမ်ကကောင်မလေး ကားပေါ်တက်တက်သွားတာ လူတိုင်းမြင်တယ် ပြီးတော့ မိုးချုပ်မှပြန်ပြန်လာတာ"

"ဟယ် အဲ့ကောင်မလေး ငါသိပါတယ် ရိုးရိုးအေးအေးလေးပါ"

"အဲ့ဒါအရင်တုန်းကပဲဖြစ်ချင်ဖြစ်မယ် အခုမြန်း ချေမိုးလို့အေ မတူမတန်သလိုနဲ့ "

"ဟုတ်လား မထင်ရဘူးနော်"

"အင်း.."

ထိုစကားတွေဟာ ဇွဲနားမထောင်းပါသော်လည်း အတိုင်းသားကြားနေရကာ သူတို့ပြောဆိုနေသည်မှာလည်း တိုးတိုးတိပ်တိပ်မဟုက်ပေ။

အန်တီမေနှင်းတွက် ဘားမှဝယ်မလာရ၍ ဇွဲလမ်းထိပ်နားက 24နာရီစတိုးမှာ ဝင်ဝယ်နေရင်းအခုလိုကြားရခြင်းဖြစ်သည်။ ဇွဲ ဝယ်သင့်သလောက်ဝယ်ပြီးသာ ပိုက်ဆံရှင်းပြီး ထွက်လာခဲ့၏။

အိမ်ရှေ့ရောက်တော့ ဇွဲကားကိုလွတ်တဲ့နေရာရပ်ခဲ့ပြီး အထုတ်တွေဖြင့်ခြံရှေ့မှာရပ်ကာ လူခေါ်ဘဲလ်တီးလိုက်တဲ့အခါ အန်တီမေနှင်းထွက်လာကာ

"ဟယ် သားဇွဲပါလား လာမယ်ဆိုတာကြိုလည်းမပြောဘူး"

"ကျွန်တော်လည်းမရောက်တာကြာလို့ အားတာနဲ့ထွက်လာခဲ့လိုက်တာ...."

"ဒါက အန်တီတွက် ဆေးနဲ့မုန့်တွေပါ"

အန်တီနဲ့အတူစကားပြောရင်း အိမ်ထဲဝင်လာကာ အထဲရောက်တော့ ဧည့်ခန်းမှာ ဝင်ထိုင်ရင်းအထုတ်တွေကိုအန်တီရှေ့တိုးပေးလိုက်သည်။

"အများကြီးပဲသားရယ် နောက်ဆို အဲ့လိုတွေဝယ်မလာပါနဲ့ အန်တီကသားကိုမြင်ရရင် စိတ်ချမ်းသာတယ်"

The devil in disguiseWhere stories live. Discover now