EP 29

5.6K 132 5
                                    

Unicode

နေလင်းသူ ရုံးခန်းထဲ၌ မနေ့က ဦးမိုးခိုင်ဆီကရလာတဲ့ Stickကို လက်ထဲလှည့်ကာ ဆော့ကစားလို့နေပြီး မျက်နှာအမူအယာမှာ ခက်ရွဲ့ရွဲ့အပြုံးတစ်ခုဖြင့်။

လူတွေရဲ့လောဘကသိပ်ကိုကြောက်ဖို့ကောင်းနာပဲ ကိုယ့်အကြိုးတွက်နဲ့ သွေးသားရင်းတွေကိုတောင်ချနင်းချင်ကြတဲ့လူတွေ။ သူဆိုတဲ့ကောင်ကလည်း အဲ့လိုလူတွေရဲ့အကြောင်းကို နောကျေနေပြီမို့ လှည့်စားရတာသိပ်လွယ်နေသည်။

ဒေါက်.....ဒေါက်

"ဝင်ခဲ့..."

တံခါးခေါက်သံကို နေလင်းသူ ဝင်ခွင့်ပြုလိုက်တော့ ရုံးထဲကိုဝင်လာတဲ့အမျိုးသားနှစ်ယောက်။

"ကျွန်တော်တို့ရောက်ပါပြီ သူဌေး"

"အင်း...အောင်သူမင်းလုပ်စရာရှိနာသွားလုပ်လို့ရပြီ"

နေလင်းသူ ပထုတ်မှုကိုအလိုက်သိတဲ့ မန်နေဂျာအောင်သူမှာ အခန်းပြင်သို့ထွက်သွား၏။ မန်နေဂျာအောင်သူထွက်သွားပြီး နေလင်းသူ လက်ထဲကStickကို သူ့ရှေ့ကထောင်နေနဲ့ သူကိုပြစ်ပေးလိုက်ကာ

"ဒီထဲမှာ အကုန်ပါတယ် ငါပြောထားတဲ့အတိုင်းပဲ အမှားအယွင်းမရှိစေနဲ့"

"စိတ်ချပါ သူဌေး"

"အိုကေ....ခဏနေရင်မင်းဆီပိုက်ဆံလွှဲပေးလိုက်မယ် မေးစရာမရှိတော့ရင်သွားလို့ရပြီ"

"ဟုတ်ကဲ့"

ထိုလူထွက်သွားတဲ့အခါ ရုံးခန်းထဲနေလင်းသူတစ်ယောက်ထဲသာကျန်ရစ်ခဲ့တော့သည်။

မကြာခင် သူအကွက်ကျကျစီစဥ်ထားနဲ့အရာတွေဟာ အကောင်အထည်ပေါ်တော့မည်မို့ နေလင်းသူ သိပ်ကိုကျေနပ်နေ၏။ ဝဿန်ဘေးကအရာတွေ အကုန်ရှင်းထုတ်ပြီးသွားရင်တော့ ဝဿန်ကိုသူ့အပိုင်အဖြစ်နဲ့ပြန်ယူမယ်။ သူလိုလူက ဟိုးအရင်ထဲက လိုချင်တာကိုမရရအောင်ယူတက်တဲ့၏။

ဒေါက်.....ဒေါက်

တံခါးခေါက်သံ နောက်တစ်ခေါက်ထွက်ပေါ်လာတဲ့အခါ နေလင်းသူ အတွေးတွေကိုရပ်လိုက်ပြီး။

"ဝင်ခဲ့..."

တံခါးဖွင့်သံနဲ့အတူ အောင်သူမှာ ရုံးခေါက်ထဲဝင်လာပြီး နေလင်းသူစားပွဲရှေ့မှာ မက်မက်ရပ်လိုက်သည်။

The devil in disguiseWhere stories live. Discover now