EP 26

6.3K 131 4
                                    

Unicode

မေသူ ဒီနေ့ရုံးလာတော့ အကုန်လုံးကကမေသူကို ကွက်ကြည့်ကွက်ကြည့်ဖြင့် တိုးတိုးတိပ်တိပ်နဲ့ပြောနေကြသည်ကို မေသူသတိထားမိသော်လည်း အရေးမစိုက်အား။ ဒီမနက်မေသူအိပ်ယာနိုးလာတော့ ဦးကဘေးနားမှာရှိမနေ ဦးကဘာလို့မေသူကိုမစောင့်ပဲ အရင်ထွက်သွားတာလည်းဆိုတာကိုပဲ မေသူစိတ်ထဲသိချင်နေသည်။ ဒါကြောင့်လဲ ရုံးရောက်တာနဲ့ ဦးရဲ့အခန်းကိုအရင်ဆုံး သွားလိုက်၏။

"ဟင်....ဦး မရှိဘူးလား"

မေသူ ဦးရုံးခန်းထဲတံခါးဖွင့်ပြီးဝင်လိုက်တော့ အခန်းမှာဦးကရှိမနေ။ ဒါနဲ့ပဲမေသူအခန်းပြင်ပြန်ထွက်လာတော့ အခန်းဝမှာ ကိုအောင်နဲ့တည့်တည့်တိုးကာ

"ကိုအောင်....ဦးရုံးကိုမရောင်သေးတာလား"

"သူဌေး ရောက်ပါပြီ အစည်းအဝေးခန်းထဲမှာ"

"ဟင်.....ဒီနေ့အစည်းအဝေးကနေ့လည်မှမဟုက်ဘူးလား"

မေသူနားမလည်သလိုပြန်မေးလိုက်တော့ ကိုအောင်ကသက်ပျင်းချကာ

"မေသူ နင်ဘားမှမသိသေးလား"

"ဘာကိုလဲကိုအောင်ရဲ့ ကုမ္မဏီမှာဘာဖြစ်နေလို့လည်း"

ဒီလိုစကားတွေပြောနေပြီဆိုမှတော့ ပြဿနာကိုဒီကောင်မလေးမသိသေးဘူးဆိုတာကျိမ်းသေသွားသည်။ ကိုအောင်လည်း လက်ထဲကဖုန်းကို မေသူရှေ့ထိုးပြလိုက်ပြီး

"ဒီကိစ္စနင်ဘားမှမသိသေးဘူးလား အခုရှယ်ယာရှင်တွေက တစ်ဖက်ကိုတရားဆွဲဖို့ သူဌေးနဲ့ဆွေးနွေးနေကြတယ်"

"ရှင်......"

ကိုအောင်ပြောပုံအရသာဆို ကိုကြီးတော့ ဒုက္ခရောက်တော့မှာပဲ မဖြစ်ဘူး ကိုကြီးသာတစ်ခုခုဖြစ်ရင် မေမေသေမှာ ကိုကြီးကိုတရားမဆွဲဖို့ မေသူဦးကိုပြောရမယ် ဦးကမေသူပြောရင်လက်ခံမှာပါ။

NT group ရဲ့ အစည်းအဝေးခန်းထဲ CEO ဖြစ်တဲ့နေလင်းသူနဲ့ ရှေ့နေတွေယော ရှယ်ယာရှင်တွေ ရှိနေပြီး ထိုထဲမှာ M entertainment ကဝဿန်နဲ့မေရီလည်းရောက်လို့နေသည်။

"ကျွန်တော်တို့ဘက်ကတော့ ဒီပြဿနာတွက်အများကြီးစိတ်မကောင်းဖြစ်ရသလို ဒီက CEO ကိုနေလင်းသူကိုလည်း တောင်းပန်ပါတယ်"

The devil in disguiseWhere stories live. Discover now