Unicode"ဒီကိစ္စဘယ်လိုဖြေရှင်းမှာလည်း မောင်ရင်.....ဒီပြဿနာကြောင့် ငါတို့ဘက်ကအများကြီးနစ်နာတယ်ဆိုတာယော မင်းသိရဲ့လား"
အစည်းဝေးခန်းထဲ ဝဿန်နဲ့အတူ အကြီးဆုံးရှယ်ယာရှင်အချို့နဲ့တာဝန်ခံဒါရိုက်တာများ။ ပြဿနာကတစ်မနက်ခင်းလေးသာရှိသေးပင်မဲ့ ကုမ္မဏီရဲ့ရှယ်ယာဟာ 40%လောက်ထိထိုးကျနေပြီဖြစ်ပြီး လက်တွဲလုပ်ကိုင်နေတဲ့ ကုမ္မဏီတွေကလည်း complaining တွေတောင်လျှောက်တက်နေသည်။ ရှယ်ယာရှင်တွေကလည်း အခုဆို တစ်ယောက်တစ်ယောက်နဲ့ ရှယ်ယာထိုးကျမှုကြောင့် သူတို့ရဲ့ဆုံးရှုံးမှုကိုစိုးရိမ်နေကြကာ ဝဿန်ကိုအပြစ်တင်နေကြသည်။
ဒုန်း......
"အခုလိုတစ်ယောက်နဲ့တစ်ယောက်အပြစ်ဖို့နေမဲ့အစား ဒီကိစ္စကိုကျုပ်တို့အတူတူ ဘယ်လိုဖြေရှင်းကြမလည်းဆိုတာ ဆွေးနေရင်ပိုမကောင်းဘူးလား"
ရုတ်တရက်စားပွဲခုံကိုထုပြီး ထပြောလာတဲ့ နေလင်းသူကြောင့် အကုန်လုံးရဲ့အကြည့်က သူ့ဆီကိုရောက်လို့သွားပြီး။
"မင်းကဘာကိုဆိုလိုချင်တာလဲ မောင်နေလင်းသူ"
"ခင်ဗျားတို့တော့မသိဘူး ကျုပ်ကတော့ဒီကိစ္စကို မယုံကြည်ဘူး။ ဒီသတင်းကသွေးရိုးသားရိုးလုံးဝ မဖြစ်နိုင်လောက်ဘူး"
သူ့စကားဆုံးတော့ အားလုံးငြိမ်ကျသွားပြီး တစ်ယောက်နဲ့တစ်ယောက် မျက်စနဲ့ယော ဘေးတိုက်ယော တိုးတီးပြောနေကြ၏။ နေလင်းသူလည်း သူ့ဂွင်ထဲရောက်ပြီမို့ ထိုင်နေရာမှထလိုက်ကာ
"ခင်ဗျားတို့ပဲစဥ်းစားကြည့်.....ဒါကုမ္မဏီကိုသက်သက်နာမည်ဖျက်ချင်တာယော မဖြစ်နိုင်ဘူးလား"
'သူပြောတာလည်း ဖြစ်နိုင်တယ်´
'ဟုတ်တယ်နော်´
"ပြီးတော့....CEO ဖြစ်တဲ့ ဝဿန်ကယော သူ့အခြေအနေနဲ့ဒီလိုကိစ္စရပ်မျိုးလုံးဝလုပ်မှာမဟုက်ဘူး "
နေလင်းသူက ဝဿန်ကိုကြည့်ပြီးထိုစကားကိုပြောလိုက်သည့်အခါ ဝဿန်မှာဘာပြောရမှန်းမသိပဲ ကြောင်အသွား၏။ ထိုအခါ ရှယ်ယာရှင်တစ်ယောက်ကထလာပြီး
YOU ARE READING
The devil in disguise
Action18+ဒွိလိင်ပါ စကားလုံးအတိအကျများရေးသွင်းဖော်ပြထားပါ၍ မကြိုက်နှစ်သက်ပါကမဖက်ရှုဖို့မေတ္တာရပ်ခံပါတယ်