EP 11

8K 119 2
                                    


Unicode

တိတ်ဆိပ်နေတဲ့ပတ်ဝန်းကျင် အချိန်အားဖြင့်ညနေ6နာရီမထိုးသေးသော်လည်း နေလုံးကြီးကပျောက်ကွယ်နေပြီဖြစ်ကာ အမှောင်ထုကစကြလာ၏

ဇွဲ အိမ်ထဲရောက်တော့ တစ်အိမ်လုံးကတိတ်ဆိပ်နေကာ ဒီပုံစံတိုင်းဆို ဦးဝဿန်အိမ်ပြန်ရောက်သည့်မပုံ။ လက်ကနာရီကိုကြည့်လိုက်တော့ ရုံးပြန်ချိန်ဖြစ်နေ၍ စိတ်ထဲနည်းနည်းဘဝင်မကျဖြစ်ကာ ပါးစပ်က ကျစ် တစ်ချက်သက်လိုက်ပြီး အိပ်ခန်းအတွင်းသို့ အဝတ်လဲရန်ဝင်လာခဲ့သည်။

အဝတ်လဲပြီးတော့ ညစာချက်ရန် ဇွဲမီးဖိုထဲဝင်လာကာ ရှိတာလေးနဲ့ပဲနှစ်ယောက်စာချက်ပြုတ်နေရင်း ခြံထဲကားဝင်လာသံကြားလိုက်ရသည်။

ဝဿန်ကားပါကင်မှာထဲက ဇွဲကားကိုမြင်တာနဲ့အိမ်ထဲအမြန်ဝင်လာကာ ဟင်းချက်နေတဲ့ဇွဲကိုအနောက်ကနေဖက်ပြီးမှီလို့ထားသည်။

ထိုအပြုအမူကြောင့် ဇွဲမျက်နှာထက်မှာလဲကျေနပ်သော အမူအယာဖြစ်ပေါ်နေသည်။ သို့သော်...

"ဘာလို့ အိမ်ပြန်နောက်ကျနေတာလဲ"

"clientတစ်ယောက်နဲ့စကားပြောနေတာကြာသွားလို့"

"ကျစ် ဒါဆို အပြင်မှာစားခဲ့ပြီးပြီပေါ့ "

"ဟင့်အင်း ကိုယ်ဘားမှမစားခဲ့ရသေးဘူး မင်းနဲ့မှအတူစားဖို့ကိုယ်ပြန်လာတာ"

ဒီစကားကဝဿန်လိမ်လိုက်ခြင်းဖြစ်ကာ လိမ်ရခြင်းကလည်း ဇွဲစိတ်မကောင်းဖြစ်သွားမှာဆိုးလို့ပင်။

"ဟင်းနံ့ကမွှေးနေတာပဲ ကိုယ်ဗိုက်တောင်စာလာပြီ "

ဝဿန်ကိုအပိုတွေဟူသောအကြည့်ဖြင့်ကြည့်နေသော ကောင်လေးအား သွားလေးတွေပေါ်သည်အထိရယ်ပြလိုက်၏။ ညစာစားပြီးတဲ့အခါ ဝဿန်တဂယ်ကိုမအီမသာဖြစ်လို့နေပြီး အိက်ျီတောင်မလဲနိုင်။

"အင့်....ဆေးသောက်လိုက် မစားနိုင်ပဲဘာလို့အများကြီးစားတာလဲ"

ခက်တင်းတင်းမျက်နှာနဲ့ဆေးလှမ်းပေးနေတဲ့ကောင်လေးရဲ့လက်ကိုဝဿန်လှမ်းဆွဲလိုက်ပြီး သူ့ဘေးမှာထိုင်စေကာ ကြောင်ပေါက်လေးသဖွယ်ကောင်လေးရင်ခွင်ထဲ တိုးဝင်လိုက်ပြီး။

The devil in disguiseWhere stories live. Discover now