EP 27

6.6K 144 7
                                    


Unicode

ဝဿန် တစ်နေကုန် ဟိုပြေးလိုက်ဒီပြေးလိုက်နဲ့ နေ့လည်စာတောင်မစားဖြစ် မေရီလည်းဘေးကကူပေးနေလို့ ဒီနေ့တစ်နေ့ထဲနဲ့ပြီးသွားကာ အဆုံးသက်အနေနဲ့ NT group ကိုကြော်ညှာအတွက် နစ်နာကျေး သိန်း၈၀ပေးလိုက်ရသည်။

"ဆရာပြန််မယ်ဆို မေရီလိုက်ပို့ပေးမယ်"

"အင်း မေရီကိုလည်း ကျေးဇူးတင်ပါတယ် တစ်နေကုန်ပင်ပန်းသွားရပြီ"

"ရပါတယ်ဆရာ ဒါမေရီအလုပ်ပါပဲ"

"အင်း ဒါဆိုကိုယ်တို့သွားရအောင်"

"ဟုတ်ကဲ့"

ဝဿန် ကားကလည်းအိမ်မှာဆိုတော့ အားနာနာနဲ့ပဲမေရီလိုက်ပို့မှာကိုလက်ခံလိုက်သည်။ ဝဿန်စာရွက်တွေကို သေချာသိမ်းပြီး မေရီနဲ့အတူရုံးခန်းထဲကအထွက် ဗိုက်ထဲကနေ ထိုးထိုးပြီးအောင့်တက်လာတဲ့အခါ ဝဿန် လက်တစ်ဖက်ကိုနံရံမှာထောက်လိုက်ပြီး ကျန်တစ်ဖက်ကိုဗိုက်ကိုဖိလို့ထားသည်။ ထိုအခါမေရီက ဝဿန်ကိုလက်မောင်းကနေထိမ်းကိုင်ပြီး

"ဆရာ ဘာဖြစ်တာလဲ ရရဲ့လား "

"ဗိုက်....ထဲကထိုးအောင့်လာလို့"

"ဒါဆို မဖြစ်ဘူး ဆေးခန်းသွားပြရအောင်"

"အဲ့လောက်ထိလဲမလိုပါဘူး မေရီ ကိုယ်ဘားမှမစားရသေးလို့အောင့်တာနေမယ် တစ်ခုခုစားလိုက်ရင်သက်သာသွားမှာပါ"

"အဆင်ပြေပါ့မလားဆရာ အရမ်းအောင့်နေရင် ဆေးခန်းသွားလိုက်တာပိုကောင်းမယ်"

"ရတယ် ရတယ် ကိုအစားစားပြီးနားလိုက်ရင်သက်သာသွားမှာ"

ဆရာကိုယ်တိုင်ကမပြချင်မှတော့လည်း မေရီအတင်းမတိုက်တွန်းချင်ပါ။ ဒါပင်မဲ့လည်း ဆရာကိုကြည့်ရတာ တစ်ခုခုတော့ထူးဆန်းနေတာ အမှန်ပဲ ဆရာအရမ်းပိန်သွားသလို မျက်နှာတွေလည်းချောင်ကျပြီး သိပ်မလန်းနေ မျက်နှာမလန်းတာက ဒီပြဿနာကြောင့်လည်းဖြစ်နိုင်သလို ခရီးပန်းတာကြောင့်လည်းဖြစ်နိုင်ပင်မဲ့ ပိန်ပြီမျက်နှာတွေကျသွားကတော့ ဟိုမှာကောင်းကောင်းအနားမယူပဲ အလုပ်တွေဖိလုပ်ခဲ့လိုဖြစ်မည်။ ဆရာက အလုပ်ဆိုရင် အရမ်းလောဘကကြီးတယ် မဟုက်လား။

The devil in disguiseWhere stories live. Discover now