EP 16

5.7K 144 7
                                    

Unicode

"ဦးဝဿန်ရှိလား"

မေရီ စားပွဲရှေ့​ခြေစုံရပ်ကာ ထိုသို့ မေးလာသည့်ကောင်လေး မေရီအလုပ်လုပ်ရင်းမော့ကြည့်လိုက်တော့ မျက်နှာကလည်းအလိုမကျသလိုတည်တင်းလို့နေသည်။

"အင်း....ဧည့်သည်နဲ့စကားပြောနေတယ်"

"ကျစ်..."

ဇွဲ စိတ်မရှည်သလို ကျစ်သက်လိုက်သည်။ တစ်ပက်ကြီးများတောင်သည်းခံနေရတာ လူကအဆင်မပြေ စိတ်ဆိုးနေမှန်သိရက်နဲ့လူကိုယ်တိုင်လာမချော့ သူမလာလို့ကိုယ်မလာပြန်တော့လဲ သူကမအား။

အရှေ့မှာခါးကြီးထောက်ပြီး မှုန်သုံနေတဲ့ကောင်လေးကို ရီချင်လွန်းလို့မေရီမနည်းထိန်းထားရသည်။

ဂျလောက်.....

အခန်းတံခါးပွင့်သံကြားတော့ မေရီလှည့်ကြည့်မိလိုက်ကာ မြင်လိုက်ရတဲ့မြင်ကွက်းကြောင့် သူမ ဆက်ကနည်းမက်တပ်ထရပ်လိုက်မိသည်။

ဆရာကဘယ်လိုလုပ် ဦးနေလင်းသူရင်ခွင်ထဲရောက်နေတာလဲ။  မေရီချက်ချင်းပဲ ဆရာတို့အနားပြေးသွားလိုက်သည်။

"ဆရာ...."

"တောက်စ်!!...."

အသံနှစ်ခုကတပြိုင်ထဲထွက်လာပြီး တောက်ခေါက်သံဟာတော့ တော်တော်လေးပျင်း၏

ဝဿန် အမြင်တို့ကအနည်းငယ်ဝေးဝါးနေသော်လည်း တောက်ခေါက်ပြီးလှည့်ထွက်သွားတဲ့ကောင်လေးကိုတော့မြင်လိုက်သည်။ ဝဿန်ချက်ချင်းခန္တာကိုယ်ပြန်မက်လိုက်ပြီး

"sorryကိုနေ ကျွန်တော်ကိစ္စလေးရှိလို့ မလိုက်နိုင်တော့ဘူး"

ဝဿန်ကစကားဆုံးတာနဲ့ချက်ချင်းပြေးထွက်လို့သွားသည်။

"ဝဿန်.....ဝဿန်"

" ဒီလောက်နဲ့ပဲပြန်လိုက်ပါ ဦးနေလင်းသူ"

ဝဿန်နောက်လိုက်ဖို့ပြင်နေတဲ့ နေလင်းသူရှေ့ မေရီပိတ်ရပ်လိုက်ကာ ထိုသို့ပြောလိုက်တော့ နေလင်းသူမျက်နှာကွက်ကနည်းပျက်လို့သွားသည်။

"ဇွဲ.....ဇွဲ....ကိုယ့်ကိုစောင့်ပါအုံး"

ခြေလှမ်းကျဲကျဲတို့ဖြင့်လျှောက်နေတဲ့ကောင်လေးနောက် ဝဿန်ပြေးပြီးအမှီလိုက်ကာ နောက်ဆုံးတော့လက်ကိုလှမ်းမိသွားတော့၏။

The devil in disguiseWhere stories live. Discover now