EP 10

11.6K 159 17
                                    

Unicode

ကလေးတစ်ယောက်လို ရင်ခွင်ထဲခေါင်းတိုးပြီး နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့ ကောင်လေးရဲ့ဆံပင်တွေကို ဝဿန်ဟာလက်ချောင်းလေးတွေဖြင့် ဖွဖွလေးပွတ်သက်ရင်း အိပ်မပျော်ဖြစ်နေသည်။

အဲ့အချိန်က ဒီကောင်လေးဘယ်လောက်တောင်ပင်ပန်းနေလိုက်မလဲ။ ဒီအကြောင်းတွေထက်သိရတော့ ကောင်လေးကိုဒီထက်မကပိုအောင်မြင်စေချင်တယ်။ ဒီထက်ပိုနေရာတစ်ခုထိရောက်စေချင်တယ်။

"ကိုယ်အများကြီးကြိုးစားပေးမယ် မင်းဖြစ်ချင်တဲ့အတိုင်းအကုန်လုံးဖြစ်အောင်ကိုယ်ကလုပ်ပေးမယ်နော် မင်းကတော့ဒီထက်ပိုလိမ္မာပေး ကိုယ့်ကလေးလေး"

ဝဿန်ထိုသို့ခက်တိုးတိုးရေရွက်ကာ  ဇွဲရဲ့နှဖူးကိုထိကပ်နမ်းလိုက်ပြီး ခက်တင်းတင်းဖက်ထားလိုက်တော့ ဇွဲကလည်းပြန်ဖက်လာသည်။

အိပ်ယာထက်က နှစ်ယောက်သားလွှတ်ထွက်သွားမည့်အလား ခက်တင်းတင်းဖက်ထားကြပြီး အိပ်ဆက်ချင်းဆီသို့.....

*****************************

"မေသူက ခွင့်တစ်ပက်ယူထားပါတယ် Boss "

ထိုစကားကိုကြား၍ နေလင်းသူ မျက်မှောင်ကုတ်ကာ အရှေ့ကအထွေထွေမန်နေဂျာကို စိုက်ကြည့်လိုက်သည်။

မန်နေဂျာအောင်သူမှာလည်း Bossအကြည့်ကြောင့် ဘာမှန်းမသိပဲ ​ကြက်သီးမွှေးညှင်းတွေပါထလာကာ လက်တွေပါတုန်လာ၍ ကော်ဖီခွက်ကိုစားပွဲပေါ်အမြန်တင်လိုက်၏

"ဘာလို့ ခွင့်ယူတာလဲ"

"ဟို....မနေ့ကသူ့အမေဆေးရုံတင်ရလို့နေ့တစ်ဝက်ခွင့်နဲ့ပြန်သွားတာ ဒီမနက်ကျဖုန်းဆက်ပြီး ခွင့်တစ်ပက်ယူမယ်လို့လှမ်းပြောပါတယ်"

"ငါ့ကိုဘာလို့ဖုန်းမဆက်တာလဲ"

"ဗျာ...ဟို..."

"သွားတော့ မင်းကော်ဖီခွက်ပြန်ယူသွား"

Bossကဘာစိတ်မကြည်နေလဲမသိလို့ မန်နေဂျာအောင်သူ ကော်ဖီခွက်ကိုပြန်ယူပြီး အခန်းထဲကထွက်သွားမယ်အပြု

"နေအုန်း....ဆေးရုံကိုပန်းစည်းနဲ့အဟာရဖြစ်မဲ့အရာတွေပို့ပေးလိုက်...

The devil in disguiseWhere stories live. Discover now