EP 21

5.4K 107 6
                                    


Unicode

အချိန်တွေဟာပုံမှန်အတိုင်းလည်ပက်သလို ​နေ့ရက်လတွေဟာလည်း တဖြေးဖြေးကုန်ဆုံးလို့လာသည်။ အချိန်တွေ ရက်တွေတင်မဟုက်ပဲ လူတွေဟာလည်းတဖြေးဖြေးပြောင်းလဲလာသလို ဆက်ဆံရေးအချို့ကလည်းပြောင်းလဲလို့သွားခဲ့သည်။

တစ်နေ့မေသူရဲ့အိမ်အပြန်လမ်းမှာ မထင်မှက်ထားတဲ့ ကိစ္စတစ်ခုဖြစ်လာခဲ့၏။ လမ်းထိပ်နားကကားမှက်တိုင်ကနေ အိမ်ကိုလမ်းလျှောက်လာစဥ် လမ်းချိုးအကွေ့နားက ကားတစ်စီးရုတ်တရက်မေသူ့အရှေ့ကိုရပ်လာကာ ကားပေါ်ကယောကျာ်းသားလေးယောက်လောက်က မေသူကိုရုတ်တရက် ကားပေါ်ဆွဲတင်ကြတော့ မေသူအော်ဟစ်ရုန်းကန်အကူအညီတောင်းသော်လည်း အားခြင်းယှဥ်မရ၍ ကားပေါ်သို့ပါသွာခဲ့သည်။

ကားပေါ်မှာလည်း ချုပ်ထားခြင်းခံရပြီး မေသူပါးစပ်နားအဝတ်တစ်ခုဖြင့်အုပ်ကာ ခဏလေးအတွင်းမှာပဲ မေသူအရာအားလုံးအမှောင်ကျလို့သွားသည်။

မနက်ဖြန်meetingမှာတင်ပြရမဲ့ project အကြောင်းအရာအချို့ကိုမေးဖို့ နေ့သွား၍ နေလင်းသူ ရုံးကအပြန်မေသူအိမ်ကိုလိုက်လာခဲ့သည်။ မေသူကဒီနေ့စက်ရုံဘက်ကနေအိမ်ကိုတန်းပြန်မယ်လို့ပြောသွားခြင်းကြောင့်ပင်။

​​နေလင်းသူ လမ်းထိပ်နားရောက်တော့ လူတွေရုတ်စုရုတ်စုနဲ့ဖြစ်နေကာ ကားဘေးကဖြက်လျှောက်လာသူတစ်ယောက်ကို နေလင်းသူလှမ်းနေလိုက်သည်။

"ဘာဖြစ်ကြတာလဲ"

မေးလိုက်တဲ့တစ်ယောက်မဖြေပဲ ဘေးကထက်ရောက်လာတဲ့အမျိုးသမီးက သွက်လက်စွာဖြင့်

"ကောင်မလေးတစ်ယောက်ကို ကားပေါ်အတင်းဆွဲခေါ်သွားကြတာ ကြောက်စရာကြီး ကောင်မလေးက ဒီလမ်းထဲကပဲနေမယ် အိက်ျီအဝါလေးနဲ့စကပ်အမဲလေးဝတ်ထားတာ အကုန်လုံးမြင်လိုက်ပင်မဲ့ ဘယ်သူမှမလိုက်ရဲကဘူး"

နေလင်းသူအတွေးထဲတစ်စတစ်စနဲ့ပေါ်လာကာ မနက်ကစက်ရုံမသွားခင် မေသူကိုသူတွေ့လိုက်တာ ရှပ်အိက်ျီအဝါလေးနဲ့

"ကားကဘယ်ဘက်ကိုထွက်သွားတာလဲ ကားနံပါတ်ယောတွေ့လိုက်သေးလား"

"ကားကဒီတည့်တည့်ကိုပဲထွက်သွားတာ ကားကတော့အဖြူရောင်ခက်ကြီးကြီး  နံပါတ်က 63**ဆိုလား...."

The devil in disguiseWhere stories live. Discover now