EP 5

19.4K 190 3
                                    


Unicode

ကျွီး.........

ကားဘရိတ်အုတ်သံနဲ့အတူ ဝဿန်အိမ်ရှေ့မှာကိုနေကားကိုထိုးရပ်လိုက်သည်။

"ကျေးဇူးပါနော် ကိုနေ"

"ကျေးဇူးပဲတင်နေတယ် ကိုယ့်ကိုအိမ်ထဲခေါ်ဖို့အစီစဉ်မရှိဘူးလား"

"ဟို..."

ကိုနေစကားကြောင့် ဝဿန်တွေဝေသွားကာဘာပြန်ပြောရမှန်းမသိ အိမ်မှာဝဿန်တစ်ယောက်ထဲနေတာမို့ ဘယ်သူကိုမှအိမ်ထဲမခေါ်ချင် ဒါကလည်းကိုနေကိုမယုံလိုမဟုက်ပါဘူး။

"ဟား...ဟား...ကိုကစတာပါ"

ဒီလိုကြားမှဝဿန်လဲစိတ်သက်သာယာရကာ ကားပေါ်ကဆင်းလိုက်သည်။

"ဝဿန် ဒီမှာဖုန်းကျန်ခဲ့ပြီ"

ကိုနေကတစ်ဖက်ကနေ ဖုန်းကိုထောင်ပြပြီး ဝဿန်နားလျှောက်လာကာ ဝဿန်ကိုဖုန်းလာပေးသည်။ ဝဿန်မျက်နှာပူနေတာနဲ့ ဖုန်းတောင်မေ့ကျန်ခဲ့တာပဲ။

"အလုပ်တွေလျှော့လုပ်အုန်းဝဿန်ရေ အသက်ငယ်ငယ်လေးပဲရှိသေးတယ် မေ့တက်နေပြီ"

"ဟုတ်ကဲ့ ဒါဆိုဝဿန်ကိုခွင့်ပြုပါအုံး"

"ok bye bye "

ကိုနေနဲ့ဝဿန်အပြန်အလှန်လက်ပြပြီး ဝဿန်လဲခြံထဲဝင်လိုက်သလို ကိုနေကားဟာလည်းခြံရှေ့ကထွက်လို့သွားသည်။

ဒီမြင်ကွင်းကို ကောင်လေးတစ်ယောက်ဟာအပေါ်ကနေ ဒေါသတို့ဖြင့်လှမ်းကြည့်နေကာ လက်တွေကိုလည်းတင်းကျပ်စွာစုပ်လို့ထားသည်။

"အမလေး....."

ဝဿန်အခန်းမီးဖွင့်ဖွင့်ချင်း ဆိုဖာပေါ်မှာထိုင်နေတဲ့ဇွဲကိုတွေ့လိုက်ရ၍လန့်သွားသည်။

"ဇွဲအခန်းမီးမဖွင့်ပဲ...."

"အဲ့ကောင်ကဘယ်သူလဲ ဘာလို့ခင်ဗျားကသူ့ကားပေါ်ကဆင်းလာတာလဲ"

ဝဿန်စကားကို ဇွဲအသံခက်ကျိတ်ကျိတ်တို့ကဖျက်ကာမေးလာသည်။

"ကိုယ့်ကားရုတ်တရက်ကြီးပျက်သွားလို့ ကိုနေကပြန်လိုက်ပို့တာ"

"အဟက်....ကိုနေတွေဘာတွေနဲ့သိပ်ကိုရင်းနှီးနေကြတယ်ပေါ့ ခင်ဗျားတို့ရိုးမှရိုးရဲ့လား"

The devil in disguiseWhere stories live. Discover now