Unicode"ဒယ်ဒီ!!!....အားးးး"
ဝဿန် ထိုသို့အော်သံနဲ့အတူ လန့်နိုးလို့လာသည်။ အိပ်ယာပေါ်မှာငုတ်တုတ်ထိုင်နေတဲ့ဝဿန်မှတစ်ကိုယ်လုံးလဲချွေးတွေစို့ကာ ချွေးဆေးတွေပျံနေပြီး အသက်ရှူသံတွေဟာလည်းပျင်းလို့နေသည်။
ဘာလို့ ဒီအကြောင်း အရာကြီးကိုထူးထူးဆန်းဆန်း အိမ်မက်အဖြစ်ပြန်မက်နေရတာလဲ။ ပြီးတော့ အိမ်မက်ထဲမှာ ဝဿန်ကယောဘာလို့သွေးတွေအများကြီးထွက်နေရတာလဲ။
ဒီး......ဒီး......
ဝဿန် အိမ်မက်အကြောင်းတွေးနေတုန်း ရုတ်ရက်ထမြည်လာသံဖုန်းသံကြောင့် လန့်သွား၏။ ရင်ဘက်ကိုလက်နဲ့အသာဖိပြီး ဖုန်းကိုယူကြည့်လိုက်တော့ မေရီခေါ်တာမို့ သက်ပျင်းချလိုက်ပြီး စိတ်ကိုငြိမ်အောင်လုပ်ကာ ဖုန်းကိုင်လိုက်သည်။
"hello မေရီ.......ရပါတယ် ကိုယ်လည်းနိုးနေပါပြီ ဘာကိစ္စရှိလို့လည်း"
"အဲ့ဒါ ကိုယ်ပြန်လာမှတွေ့ဖို့စီစဥ်ထားလိုက်....ကိုယ်ဒီတစ်ရက်နှစ်ရက်ဆို ပြန်လာတော့မှာ...."
အာ့......
ဝဿန် ဖုန်းပြောနေရင်း ကုတင်ပေါ်ကဆင်းဖို့အလုပ် ဗိုက်ထဲကနေဆူးကနဲထိုးအောင့်လာကာ အော်လိုက်မိတော့ တစ်ဖက်ကမေရီဟာ ဘာဖြစ်တာလဲဟုစိုးရိမ်တကြီးလှမ်းမေးသည်။
"ဘားမှမဖြစ်ပါဘူး ဒီတိုင်းခလုပ်တိုက်မိတာ ဒါဆို ဒါပဲလေ"
"အင်း"
သူ့ကြောင့်ဘယ်သူကိုမှစိုးရိမ်တာစိတ်ပူတာတွေမဖြစ်စေချင်တာမို့ ဝဿန်စကားဖျက်ကာ ဖုန်းချလိုက်ပြွး ဝဿန်ဗိုက်ကိုဖိပြီး ကုတင်ပေါ် ခဏပြန်ထိုင်လိုက်သည်။
ဝဿန်ဒီရက်ပိုင်း အခုလိုမျိုးဗိုက်ခဏခဏအောင့်တက်ကာ တစ်ခါတစ်လေဆို မူးတာဝေတာအန်တာတွေထိပါဖြစ်တက်တယ်။ ပြီးတော့ ညဘက်တွေဆိုလဲသိပ်အိပ်မပျော် အစားချိန်မမှန်သလိုစားချင်စိတ်လဲမရှိ စားသမျှကလည်းဘာအရသာမှမရှိတော့ နည်းနည်းလောက်သာစားဖြစ်၏။
ဒါတွေဟာလည်း အလုပ်ပင်ပန်းလို့ဖြစ်လိမ့်မည်။ ဝဿန်ဒီကိုအလုပ်ကိစ္စတစ်ခုနဲ့ တစ်ယောက်ထဲရောက်နေတာ တစ်ပက်လောက်ရှိပြီဖြစ်၏။ ဝဿန်နာရီကြည့်လိုက်တော့ မနက်4နာရီပဲရှိနေသေးတာမို့ အိပ်ယာပေါ်ပြန်လှဲလိုက်သည်။
YOU ARE READING
The devil in disguise
Action18+ဒွိလိင်ပါ စကားလုံးအတိအကျများရေးသွင်းဖော်ပြထားပါ၍ မကြိုက်နှစ်သက်ပါကမဖက်ရှုဖို့မေတ္တာရပ်ခံပါတယ်