Unicode
"ခင်ဗျားသိလား ကျုပ်ခင်ဗျားကိုဘယ်လောက်လွမ်းနေလဲဆိုတာ"
"အင်း....ကိုယ်ယောပဲbaby......မင်းနဲ့အတူမရှိတဲ့ရက်တွေအရမ်းကိုအထီးကျန်ခဲ့ရတာ"
ဇြဲ ရင်ဘက်ပေါ်ကိုယ်တစ်ပိုင်းမှောက်ယပ်လေးနေနေတဲ့သူက နာမည်ကြီး entertainment တစ်ခုရဲ့CEOဆိုတာ ဘယ်သူကယုံမှာလဲ။
"အင်း ဒါဆို ကျုပ်ကိုအလုပ်တွေအများကြီးမလုပ်ခိုင်းနဲ့လေ ပြီးတော့..."
"No Baby အလုပ်ကတော့လုပ်မှရမယ် ပြီးတော့ babyကအခုမှနာမည်ရခါစ ကိုယ်တို့ဆက်ဆံရေးကိုချပြလို့မရသေးဘူး"
"ကျစ်......ဒါဆိုကျုပ်ကဘယ်ချိန်ထိခိုးချောင်ခိုးဝှက်နေနေရအုံးမှာလဲ "
သူဒီဘဝကြီးကိုစိတ်ကုန်နေပြီ ခိုးလည်းမတွေ့ချင်တော့သလို လူရှေ့တွေမှာလည်း ဟန်မဆောင်ချင်တော့ဘူး ဟန်ဆောင်တဲ့အလုပ်အရမ်းပင်ပန်းတယ်မဟုက်လား။
" အဲ့လိုလည်းမဟုက်ဘူးလေ ကိုယ်တို့ဒီတိုင်းနေလို့လည်းအဆင်ပြေတယ် မဟုက္ဘူးလား"
"မပြေဘူး ကျုပ်ကခင်ဗျားနဲ့လွတ်လွတ်လပ်လပ်တွေ့ချင်တာ သူများတွေရှေ့မှာ မသိသလိုဟန်ဆောင်ရတာက ဘယ်လောက်ပင်ပန်းလဲခင်ဗျားသိလား လူတွေကိုဆက်ပြီးမလိမ်ချင်တော့ဘူးဗျာ"
ဇွဲလှဲနေရာမှထထိုင်လိုက်ကာ ဝဿန်ပုခုံးကိုဆုပ်ကိုင်ပြီး မျက်နှာချင်းဆိုင်ပြီး
"ကျုပ်ဘယ်အရာကိုမှမမက်မောဘူး ဦးဝဿန် ကျုပ်အနားခင်ဗျား ရှိနေရင်ရပြီ "
'ကိုယ်လဲမင်းလိုပါပဲကွာ'
ဒီစကားကိုတော့ ဝဿန်ထုတ်မပြောလိုက်ပဲ စိတ်ထဲကသာတိုးတိုးရေရွတ်လိုက်သည်။ ဝဿန် ဒီကောင်လေးတွက်အများကြီးလုပ်ပေးရအုံးမယ် အခုအောင်မြင်နေတယ်ဆိုတာ သူ့အတွက်အစသာရှိသေးသည်။ အားလုံးပေါ်လိမ်နေရခြင်းကို သူလည်းမနှစ်သက်ပင်မဲ့ ဒီကောင်လေးအတွက်တော့လိမ်ရမည် ဒီကောင်လေးမထိခိုက်ဖို့အတွက်ပေါ့။
"အချိန်တစ်ခုထိတော့သည်းခံပေးပါဇွဲ တစ်နေ့မင်းဖြစ်ချင်သလိုဖြစ်စေရမယ် ကိုယ့်ကိုယုံပါ"
YOU ARE READING
The devil in disguise
Action18+ဒွိလိင်ပါ စကားလုံးအတိအကျများရေးသွင်းဖော်ပြထားပါ၍ မကြိုက်နှစ်သက်ပါကမဖက်ရှုဖို့မေတ္တာရပ်ခံပါတယ်