EP 25

3.7K 120 5
                                    

Unicode

မေသူ ကိုကြီးရဲ့ အတင်းဆွဲခေါ်ခံလာရ၍ အပြင်ဘက်သို့ရောက်ရှိလို့လာသည်။ ဦးအထိုးခံလိုက်ရလို့ ဘာမြန်းဖြစ်သွားလဲဟု မေသူစိုးရိမ်သလို ဦးကိုထိုးခဲ့တဲ့ ကိုကြီးကိုလည်းမေသူစိတ်ဆိုးသည်။

"မေသူ လက်ကိုလွှတ်ပေးပါ မေသူ ပြန်မလိုက်ဘူး ဦးနဲ့ပဲနေခဲ့မှာ"

"နင့်ပါးစပ်ကိုပိတ်ထားလို့ ငါပြောနေတယ်"

"မပိတ်ဘူး မေသူလက်ကိုလွှတ် "

မေသူ အားပါပါအနာခံပြီးရုန်းလိုက်တော့ ကို့ကြီးလက်ထဲကလွှတ်မြှောက်လို့သွားသည်။ ဒါပင်မဲ့လည်း ကိုကြီးက မေသူပုခုံးတွေကို​ပြန်စုပ်ကိုင်လာကာ

"မေသူ!....နင်ဘာဖြစ်နေတာ အဲ့ကောင်အကြောင်းနင်ဘားမှမသိဘူး နင့်ဘဝပျက်သွားလိမ့်မယ်"

"ဦးကိုအဲ့လိုမပြောနဲ့!....ဦးကလူကောင်းတစ်ယောက် ကိုကြီးပြောသလိုမဟုက်ဘူး ပြီးတော့ ကိုကြီးမေသူကိစ္စတွေကိုဝင်မပါပါနဲ့"

"မပါလို့ရမလား နင်ကငါ့ညီမ....."

"မတော်ဘူး မေသူနဲ့ကိုကြီးကဘားမှမတော်ဘူး ကိုကြီးကို ဖေဖေကမွေးစားဖို့ခေါ်လာတာ ကိုကြီးကမွေးစားသား"

"မေသူ!....."

"အဲ့တော့ မေသူဘာကြောင့်နဲ့မှကိုကြီးစကားကိုနားထောင်စရာမလိုဘူး မေသူအရွယ်ရောက်နေပြီ မေမေကိုလည်း မေသူဘာသာစောင့်ရှောက်နိုင်တယ် အရင်လိုကိုကြီးဆီကရမဲ့ ပိုက်ဆံကိုမျှော်နေစရာမလိုတော့ဘူး"

"နောက်ပြီး ဦးကိုထိုးလိုက်တဲ့အတွက် မေသူကိုကြီးကိုစိတ်ဆိုးတယ် နောက်တစ်ခါမေသူတို့သားအမိနဲထက်မပက်သက်ပါနဲ့ မေသူတို့နဲ့ ဝေးဝေးနေပေးပါ"

ပုခုံးပေါ်ကကိုကြီးရဲ့လက်တွေကို ပုတ်ထုတ်ပြီးမေသူ ကိုကြီးအရှေ့ကနေ ဦးဆီပြန်လှည့်ထွက်လာခဲ့သည်။

မေသူစကားကို ဇွဲဘားမှပြန်မပြောနိုင်လောက်အောင်ကို ကြောင်တောင်တောင်ကြီးရပ်နေမိ၏။ ဇွဲကိုဦးလေးကခေါ်ပြီးမွေးစားခဲ့တာမှန်ပင်မဲ့ ဇွဲဘယ်တုန်းကမှ ဦးတို့မိသားစုကိုတစိမ်းလိုမတွေးခဲ့ပဲ ဇွဲရဲ့နောက်ထက်မိသားစုလို့ပဲတွေးခဲ့တာ။ သူဒီမိသားစုအပေါ် အတက်နိုင်ဆုံးစောင့်ရှောက်ပေးခဲ့သည်။ မေသူအပေါ်လည်း ငယ်ငယ်လေးထဲညီမအရင်းလေးတစ်ယောက် ချစ်ခဲ့ပြီး အခုလည်း ညီမဖြစ်သူအပေါ်စိုးရိမ်စိတ်ကြောင့် အကိုတစ်ယောက်အနေနဲ့ လုပ်ခဲ့တဲ့ ဒီလုပ်ရပ်က မှားမြန်းမှားသွားလားဟု အတွေးဝင်မိ၏။

The devil in disguiseWhere stories live. Discover now