EP 19

5.2K 132 1
                                    


Unicode

နံရံကပ်နာရီမှလက်တန်လှုပ်ရှားမှုတစ်ချက်ချက်ဟာ တိတ်ဆိပ်တဲ့အခန်းအတွင်းမှာ ကျယ်သယောင်ယောင်ထွက်ပေါ်လို့နေသည်။ ညသံခေါင်ရောက်နေပြီဆိုပင်မဲ့ ဝဿန်ဟာအိပ်ယာထက်မှာလူးလှိမ့်လို့နေပြီး အိပ်မပျော်ဖြစ်လို့နေကာ မနက်ဖြန်တွက် သူကိုယ်တိုင်လဲရင်ခုန်နေသည်။

သူတောင်ဒီလောက်ရင်ခုန်နေတာ ဟိုကလေးတွေဆိုဘယ်လိုမြန်းနေမလဲဟုလည်းတွေးမိတယ်။ သူလှမ်းပေးခဲ့တဲ့ဒုတိယခြေလှမ်းဟာ မနက်ဖြန်ဆိုအကောင်အထည်ပေါ်ပြီ သူတို့အကောင်းဆုံးလုပ်နိုင်ကြမယ်လို့လည်းယုံကြည်တယ်။

ဒီး.....ဒီး....

အိပ်ယာဘေးက ရုတ်တရက်ထမြည်လာတဲ့ဖုန်းကြောင့် ဝဿန်အတွေးစတို့ပြက်ပျယ်လို့သွားသည်။

"ဒီချိန်ထိမအိပ်သေးဘူးလား ဒီကောင်လေးနဲ့တော့"

ဝဿန် တစ်ဖက်ကပေါ်လာတဲ့ခေါ်ဆိုမှုမှာ အလိုမကျသလို မျက်မှောင်ကုတ်ပြီး Video Callကိုကိုင်လိုက်တော့

"ဦး...."

ဤခေါ်သံကိုကြားတိုင်း အမြဲနှစ်သက်သဘောကျပင်မဲ့ ဒီတစ်ခါတော့ ဝဿန်တုန့်ပြန်မှုဟာ လေသံခက်မာမာဖြင့်သာ။

"ဘယ်ချိန်ရှိနေပြီလဲဆိုတာမသိဘူးလား ဘာလို့မအိပ်သေးတာလဲ"

"လွမ်းလို့ အိပ်လို့လဲမပျော်ဘူး "

"မရဘူး အခုအိပ်ရမယ်ဇွဲထက်ပိုင် ကလေးမဆန်နဲ့"

ဒီမှာတောင်အချိန်က 12ကျော်နေပြီ အချိန်နာရီဝက်ကျော်ကွာတဲ့ဟိုဘက်မှာဆို အချိန်ကနည်းမည်မဟုက်တော့ပေ။

"ကျစ်....ဦးကလဲ "

"ကဲပါ ဆူပုတ်မနေနဲ့ ကိုယ်လဲမင်းကိုအရမ်းလွမ်းတယ် "

အလိုမကျနေတဲ့တစ်ဖက်ကမျက်နှာမြင်ပြန်တော့လဲ ဝဿန်ဆူမဲ့စကားတွေဟာတစ်မျိုးပြောင်းသွား၏ အချော့ကြိုက်တဲ့ကလေးကို ချော့ပြောမှရသည်။

"အိပ်တော့နော် ကိုယ့်ကလေးလေးကလိမ္မာတယ်မဟုက်လား "

"Camera မပိတ်နဲ့ "

"okပါဗျာ "

တစ်ယောက်နဲ့တစ်ယောက်ဘာစကားမှဆက်မပြောကြတော့ပဲ စိုက်ကြည့်နေကြရင်း တဖြေးဖြေးမျက်လုံးများမှေးဆင်းလာကာ အိပ်ပျော်သွားကြသည်။

The devil in disguiseWhere stories live. Discover now