EP 8

10.4K 151 2
                                    

Unicode

နေ့တစ်နေ့ရဲ့စတင်ခြင်း အလင်းရောင်နေလုံးကြီးဟာ တစ်ဖြေးဖြေးထွက်ပေါ်လို့လာသည်။

တီ.....တီ......တီ

အိပ်ယာဘေးစားပွဲပေါ်က နှိုးဆက်သံဟာလည်း မနက်7နာရီထိုးနေပြီမို့ အချက်​ပေးသံအဆက်မပျက်ထွက်ပေါ်လို့နေသည်။

ဝဿန်နှိုးဆက်သံကြောင့်နိုးလာပြီး မျက်လုံးပွင့်ပွင့်ချင်းမှာပဲ ရင်ဘက်အကျယ်ကြီးကိုတွေ့မြင်လိုက်၏ ပြီးတော့အလွယ်တကူလည်းလှုပ်မရအောင်လည်းဖက်ထားခံရသည်။

"ဇွဲ လွှတ်ပါအုံး မိုးလင်းနေပြီ"

"အင်း.....အစောကြီးရှိသေးတာကို"

"မစောတော့ ကောင်လေး အကကျင့်ဖို့ရှိတယ်မဟုက်လား မနေ့ကလည်းပျက်ထားတယ်လေ"

"မသွားချင်ဘူး ဒီတိုင်းလေးပဲဖက်ပြီးအိပ်ချင်တယ်"

ဒီလူဆိုးကောင်လေးနဲ့တော့ခက်ပါတယ်လေ ဖယ်ခိုင်းနေတာကို ပိုပြီးတောင်တင်းတင်းဖက်လိုက်သေး။

"ကိုယ့်ဘေဘီကလိမ္မာပါတယ်ကွာ ထတော့နော်"

"ထစေချင်ဒီတိုင်းတော့မရဘူး Morning kiss"

ကလေးတစ်ယောက်လိုသူလိုချင်တာကို နှုတ်ခမ်းလေးဆူပြီးတောင်နေတဲ့ကောင်လေးကို ဝဿန်စခြင်တာနဲ့ ထိုနှုတ်ခမ်းတွေကိုထိရုံလေးသာနမ်းလိုက်သည်။

"ဟာ....ခင်ဗျာကြီးလူလည်ကြတယ်ပေါ့ နမ်းတယ်ဆိုတာ ဟော့ဒီလိုနမ်းရတယ်ဗျ"

"ခ်ခ်....ယားတယ်...အာ့.....ဘေဘီ....ခ်ခ်"

ဝဿန်မျက်နှာနဲ့လည်ပင်တွေကို ဇွဲကနေရာမကျန်လိုက်နမ်းကာ အိပ်ယာထက်မှာလူးလှိမ့်လို့နေ၏။ နှစ်ယောက်သားစနောက်ပြီးမှ မျက်နှာသစ် မနက်စာအတူတူစားကာ ကုမ္မဏီကိုထွက်လာခဲ့ကြသည်။

*****************************

"Morning ဆရာ"

"အင်း မနေ့ကအဆင်ပြေရဲ့လားမေရီ"

"ဟုတ်ကဲ့ဆရာ အရေးသိပ်မကြီးတာတွေတော့ နောက်တစ်ပက်ကိုရွှေ့လိုက်ပြီး BKK concert အတွက်ကတော့ 10နာရီခွဲ Meeting ခေါ်ထားတယ် ဆရာ"

"ဟုတ်ပြီ အဆင်သင့်ဖြစ်ရင်ကိုယ့်ကိုလာခေါ်လိုက်လေ"

"ဟုတ်ကဲ့ဆရာ"

The devil in disguiseWhere stories live. Discover now