Unicode
ဝဿန် မနက်6နာရီထိုးလေယဥ်ဖြင့် လန်ဒန်ကနေ မြန်မာပြည်ကိုပြန်လာခဲ့သည်။ လေယဥ်ချိန်ကကြာမြင့်တာကြောင့် သက်တောင့်သက်သာအဝတ်အစားပေါ့ပေါ့ပါးပါးကိုသာဝတ်ဆင်ခဲ့ပြီး သူနဲ့အတူ Luggage တစ်လုံးသာပါသည်။
လေယဥ်ပေါ်မတက်ခင် လိုင်းရသေးတော့ မေရီကိုပြန်လာပြီဖြစ်ကြောင်းနဲ့ လာမကြိုဖို့ပို့လိုက်ပြီး ဇွဲကိုတော့ အချိန်စောစောလာဖို့ပို့လိုက်သည်။ ပြီးတာနဲ့ လေယဥ်ထွက်ချိန်ရောက်ပြီမို့ လေယဥ်ပေါ်တက်ခဲ့သည်။
ထိုချိန် တစ်ဖက်မှာတော့ ည1နာရီနီးပါးရှိလို့နေပြီဖြစ်ကာ တီးလုံးသံဆူဆူညံညံ မီးရောင်တစ်ဖျက်ဖျက်နဲ့ Club တစ်ခုကို ဇွဲရောက်ရှိနေခဲ့သည်။
"တော်ပြီ....ငါမသောက်တော့ဘူး မနက်သွားစရာရှိလို့"
"မင်းကလည်း တစ်ခွက်လောက်နဲ့ဘားမှထက်မဖြစ်သွားပါဘူးကွာ"
မနက်ကျ ဦးဝဿန်ကိုသွားကြိုရအုံးမှာမို့ ဇွဲ စောစောအနားယူဖို့လုပ်နေချိန် Leoနဲ့T-yoရဲ့နားပူနားစာလုပ်မှုကြောင့် ခဏပဲထင်ပြီးဇွဲလိုက်လာခဲ့တာ မှားပြီထင်၏။
"ဟုတ်သားပဲကွာ မင်းကလဲ သောက်လိုက်ပါ"
"ဒီတစ်ခွက်ဆိုတော်ပြီနော် ထက်မတိုက်နဲ့တော့"
"အေးပါ....cheer..."
နှစ်ကောင်လုံးကိုပြောမနိုင်၍ ဇွဲဒီတစ်ခွက်တော့ ထက်သောက်လိုက်သည်။ ဇွဲအတွက်နှစ်ခွက်လောက်ဆိုတာဘားမှမမှုပင်မဲ့ ဟိုလူကြီးသိရင်တော့ ပွားလိမ့်မည်။
"ငါ Toilet ခဏသွားလိုက်အုံးမယ်"
ဇွဲပြောသာပြောလိုက်တာ နှစ်ကောင်လုံးကဇွဲကိုအဖက်မလုပ်ပဲ ကောင်မလေးတွေနှင့်သာယာလို့နေကာ ဒီလိုကျနှစ်ယောက်သားတည့်သည်ဟု ခက်တိုးတိုးရေရွတ်ရင်း ခေါင်းခါကာ ဇွဲToiletဘက်ထွက်လာခဲ့၏။
Clubတစ်ခုလုံးက မီးရောင်စုံတွေနဲ့တဖျက်ဖျက်ဖြစ်နေသော်လည်း Toilet သွားတဲ့လမ်းကတော့ အဖြူရောင်မီး တစ်မျိုးသာထွန်းလို့ထားပြီး ထိုမီးသာ်လည်းလင်းထိန်နေခြင်းမျိုးတော့မဟုက်ပဲ သဲသဲကွဲကွဲတော့မြင်နေရသည်။
YOU ARE READING
The devil in disguise
Action18+ဒွိလိင်ပါ စကားလုံးအတိအကျများရေးသွင်းဖော်ပြထားပါ၍ မကြိုက်နှစ်သက်ပါကမဖက်ရှုဖို့မေတ္တာရပ်ခံပါတယ်