Unicode
ချွမ်း....
ဇွန်းပြုတ်ကျသံဟာအရမ်းမကျယ်သော်လည်း ဝဿန် ကိုယ်လေးတုန့်ကနဲဖြစ်သွားပြီး အသိပြန်ဝင်လာသူတစ်ယောက်လို လက်ကိုလည်းဆက်ကနဲသူ့ဘက် ပြန်ရုတ်လိုက်၏။ ထိုအခါ ဝဿန်လက်နဲ့တိုက်မိပြီး ဖန်ခွက်တစ်ခုဟာ ကြမ်းပြင်ပေါ်ကြကွဲလို့သွားခဲ့သည်။
"ဝဿန်....."
"မဖြစ်နိုင်ဘူး ကိုနေ"
ဝဿန်တုန့်ဆိုင်းမနေပဲ နေလင်းသူဘက်ကဘာစကားမှထက်မထွက်လာခင် ချက်ချင်းအငြင်းစကားဆိုလိုက်ကာ နေလင်းသူမှာအံ့ဪလို့သွားပြီး
"ဘာလို့လဲ ဝဿန်....ကိုယ်တို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ချစ်ခဲ့...."
"အဲ့ဒါအရင်တုန်းကပါ ကိုနေ အခုချိန်မှာအားလုံးကပြီးသွားခဲ့တာကြာပြီ"
"ဒါပင်မဲ့ ကိုယ်မင်းကိုအခုထိချစ်နေတုန်းပဲ ဝဿန် ပြီးတော့လည်းမင်းကိုပြန်ပိုင်ဆိုင်ချင်တယ်။ကိုယ်တို့ဝေးခဲ့တာက မချစ်လို့မဟုက်ကြပဲ ကိုယ့်သတ္တိနည်းခဲ့လို့ အဲ့အတွက်အခုချိန်မှာကိုယ်နောင်တတွေရနေပြီ"
ကိုနေပြောခဲ့တာတွေက ဟုတ်တယ် ဝဿန်တို့ဝေးခဲ့တာ တစ်ယောက်နဲ့တစ်ယောက်မချစ်ခဲ့ကြလို့မဟုက်။ဝဿန် ကိုနေကိုမချစ်ခဲ့ဘူးလို့မလိမ်ချင်ပါဘူး ဒါပင်မဲ့ အဲ့ဒါတွေဟာအရင်က အခုဝဿန်မှာ ကိုနေထက်ပိုချစ်ရမဲ့သူရှိနေပြီ တစ်ယောက်ထဲ ဝဿန်ရင်ထဲမှာ သူတစ်ယောက်ပဲနေရာယူထားသည်။
ဝဿန်ဒီနေရာမှာဆက်မနေချင်တော့သလို ကိုနေပြောမဲ့စကားတွေကိုထက်မကြားချင်တော့တာမို့ ထိုင်နေရာမှထလိုက်ကာ
"ပြီးခဲ့တာတွေကို ဒီတိုင်းပဲထားလိုက်ကြရအောင်ကိုနေ ဒီနေ့ညစာအတွက်ကျေးဇူးတင်ပါတယ်"
စကားဆုံးတာနဲ့ဒီနေရာက လှည့်ထွက်ဖို့ပြင်တော့ ကိုနေဟာ ဝဿန်လက်တစ်ထက်ကိုလှမ်းဆွဲ၏
"နေပါအုံး...... ဝဿန် "
"ကျွန်တော်လက်ကိုလွှတ်ပါ ကိုနေ "
"ကိုယ့်ကိုဘာလို့ဒီလောက်ထိစိမ်းကားသွားရတာလဲ။ မင်းပြန်လက်မခံနိုင်လောက်အောင်ထိကိုယ်ဘာအမှားတွေမြန်းလုပ်ထားမိလို့လဲ"
YOU ARE READING
The devil in disguise
Action18+ဒွိလိင်ပါ စကားလုံးအတိအကျများရေးသွင်းဖော်ပြထားပါ၍ မကြိုက်နှစ်သက်ပါကမဖက်ရှုဖို့မေတ္တာရပ်ခံပါတယ်