Unicodeဝဿန်တစ်ရက်အိမ်မှာအနားအပြည့်အဝယူပြီး နောက်နေ့အလုပ်ကိုရောက်လာခဲ့သည်။ မနေ့ညကလေ့ကျင်းရေးတစ်ညလုံးရှိ၍ လူဆိုးလေးကအိမ်ပြန်မအိပ် ဒါနဲ့ဝဿန်လည်းမနက်စာလုပ်ပြီး ကုမ္မဏီကိုစောစောထွက်လာခဲ့၏
ကုမ္မဏီကိုရောက်တော့ လေ့ကျင့်နေတဲ့အထပ်ကိုရွေးပြီးတက်လာခဲ့သည်။
"Morning အားလုံးပင်ပန်းနေကြမယ်ထင်လို့ ကိုယ်မနက်စာဝယ်လာတယ်"
"အာ...အားနာစရာကြီး ကျွန်တော်ကူသည်ပေးပါမယ်"
"ကဲ.... ဒါဆိုကိုယ်သွားတော့မယ် ဂရုစိုက်ကြနော်"
ဝဿန်လက်ထဲက ဝယ်လာတဲ့အထုတ်တွေယော တစ်ယောက်သောသူအတွက် မနက်စာဘူးကိုပါယောပြီးပေးခဲ့လိုက်ကာ အခန်းထဲကထွက်လာခဲ့သည်။
လွမ်းနေတဲ့မျက်နှာလေးမြင်လိုက်ရပြီမို့ သူ့အတွက်တစ်နေကုန်အလုပ်လုပ်ဖို့အားအင်တွေရှိသွားပြီ။
"ကဲ...အားလုံးပဲအကတိုက်တာဒီမှာပဲရပ်ကြမယ် စားပြီးအနားယူလိုက်ကြအုံး"
အကဆရာရဲ့အသံဆုံးတော့ Leoကအရင်ဦးအောင် အစားအသောက်တွေနားပြေးပြီး စိတ်ကြိုက်ရွေးကာ ထူးထူးခြားခြားတစ်ဘူးထဲပါသည့် ထမင်းကြော်ဘူးယူလိုက်ကာ
"စားကောင်းမဲ့ပုံပဲ ဟာ....ဟျောင် ဘာလုပ်တာလဲ ငါအရင်ယူထားတာလေ"
leo လက်ထဲကဘူးကို ဇွဲကခက်တည်တည်ဖျက်လုယူသွားကာ leoစကားကိုလည်းမကြားသလိုပင်။
"ဟင်....ဆရာ ဘယ်လိုလုပ်"
"ဪ ရွှေစင်တောင်ရောက်လာပြီလား "
"ဟုတ်"
"ညကတစ်ညလုံးလေ့ကျင့်ကြတယ်ဆိုလို့လေ လာကြည့်တာ ကိုယ်သွားပြီ"
"ဟုတ်ကဲ့"
ဝဿန်ခက်တည်တည်ပဲထွက်သွားတော့ ရွှေစင်မှာခေါင်းတကုတ်ကုတ်ဖြင့် ကျန်ခဲ့လေသည်။
"ဟယ်....စားစရာတွေကလည်းများလိုက်တာ မနက်စာမစားခဲ့တာနဲ့အတော်ပဲ"
"ခုဏက CEOလာပေးသွားတာ "
"ဆရာက!..."
ရွှေစင်ထိုသို့အကျယ်ကြီးအသံထွက်ကာ အံ့ဪလို့သွားသည်။ ဆရာကသဘောကောင်းတာမှန်ပင်မဲ့ အခုလိုမနက်စာကိုယ်တိုင်လာပို့တယ်ကြားတာတော့ ဒါပထမဆုံးပင်။
YOU ARE READING
The devil in disguise
Action18+ဒွိလိင်ပါ စကားလုံးအတိအကျများရေးသွင်းဖော်ပြထားပါ၍ မကြိုက်နှစ်သက်ပါကမဖက်ရှုဖို့မေတ္တာရပ်ခံပါတယ်