Unicode
"Boss မေသူရောက်ပါပြီ"
Bossအရှေ့မှာမေသူမက်မက်ရပ်ပြီး ခေါင်းကိုတော့အနည်းငယ်အောက်စိုက်လို့ထားသည်။ ဘာကြောင့်မှန်းရယ်မသိ ဟိုနေ့ကအဖြစ်အပျက်ကြောင့် မေသူBossနဲ့မျက်နှာချင်းဆိုင်ဖို့မဝံ့ရဲဖြစ်လို့နေ၏။
အထူးသဖြင့် အဲ့နေ့ကလိုမျိုးထူးဆန်းတဲ့ရင်ခုန်မှုမျိုးထက်ဖြစ်မှာ ကြောက်တယ်။
ဒေါက်....ဒေါက်
"ဝင်ခဲ့"
အတွေးများနေတဲ့မေသူ တံခါးခေါက်သံကြောင့်တစ်ချက်တွန့်သွားပြီး ဘာရယ်မဟုက်ပါပဲ Bossရဲ့ခွင့်ပြုချက်ကြောင့်တံခါးဖွင့်ဝင်လာသည်မှာ မည်သူဆိုတာကို မသိမသာလှည့်ကြည့်လိုက်တော့ ကိုအောင်သူနဲ့အတူ အမျိုးသမီးတစ်ယောက်ဝင်လာသည်။
"Bossရှာခိုင်းထားတာရပါပြီ"
"အင်း...မင်းသွားလို့ရပြီ"
ကိုအောင်သူထွက်သွားတော့ အခန်းထဲမှာ မေသူရယ် ခုဏကအမျိုးသမီးရယ် Bossရယ်သာကျန်ရှိခဲ့တော့သည်။
"မေသူ.."
"ရှင်..."
မေသူအယောင်ယောင်အမှားမှားဖြင့် မော့ကြည့်မိလိုက်ကာ Bossနဲ့အကြည့်ချင်းဆုံသွားတော့ ချက်ချင်းပြန်ငုံ့လိုက်ကာ
"မေသူ နားထောင်နေပါတယ်"
"အင်း....မင်းညနေကိုယ်နဲ့အတူပွဲတစ်ခုတက်ပေးရမယ်"
"ဟင်....မေသူက... "
"ရှယ်ယာရှင်တစ်ယောက်ရဲ့သမီး wedding dinner ပွဲ မင်းပါလိုက်ရမယ်"
"ဟို..."
"သူ့ကိုခေါ်သွားလိုက် ပြောထားသလိုပဲလုပ်ပေးလိုက်"
"ဟုတ်ကဲ့ပါရှင်.... ညမလေး သွားရအောင်"
မေသူဘာတွေလည်းဆိုတာလုံးဝမတွေးနိုင်တော့ Bossကိုလှမ်းကြည့်တော့လည်း လိုက်သွားဆိုသည့်ပုံစံဖြင့်မေးငေါ့ပြသည်။ ဒါနဲ့ပဲ မေသူလည်း ဟိုအမနောက်လိုက်သွားခဲ့ကာ သူခေါ်လာသည်ကတစ်ခြားတော့မဟုက်ပဲ ရုံးထဲကအခန်းတစ်ခုဖြစ်သည်။
ထိုအခန်းထဲ အဲ့အမကအရှေ့ကဦးဆောင်ဝင်သွားတော့ မေသူလည်းအနောက်ကလိုက်ဝင်ခဲ့သည်။ အခန်းထဲမှာ နောက်ထက်အမျိုးသမီးနှစ်ယောက်ထက်ရှိနေပြီး သူတို့ကပြုံးပြလာတော့ မေသူလည်းပြန်ပြုံးပြလိုက်၏။
YOU ARE READING
The devil in disguise
Action18+ဒွိလိင်ပါ စကားလုံးအတိအကျများရေးသွင်းဖော်ပြထားပါ၍ မကြိုက်နှစ်သက်ပါကမဖက်ရှုဖို့မေတ္တာရပ်ခံပါတယ်