EP 31

3.3K 146 12
                                    

Unicode

ရုတ်တရက်ဘာဖြစ်လာမှန်းမသိပဲ ဖက်ထားခိုင်းတဲ့ကောင်လေးကို ဝဿန် အချိန်ခဏကြာသည်အထိဖက်ထားပေးလိုက်သည်။ သူ့ရဲ့ဗိုက်နေရာ၌ မျက်နှာအပ်ထားတဲ့ကောင်လေးဟာ အသက်ပျင်းပျင်းရှူနေ၍ လေပူအချို့ကိုလည်းသူခံစားမိနေ၏။ ပြီးတော့ ထိုနေရာကပဲ စိုစိုစွတ်စွတ်ထက်ခံစားမိ၏။

"ဘာဖြစ်လာလို့လဲ ဇွဲ ကိုယ့်ကိုပြောပြလို့ရမလား"

ဝဿန် သိချင်စိတ်ကြောင့်မေးလိုက်ပင်မဲ့ ကောင်လေးအဆင်မပြေလို့ မပြောချင်လည်း သူထက်မေးမည်မဟုက်။

"ဦး.....အန်တီမေနှင်း ဆုံးပြီ"

"ဟင်..."

ဇွဲရဲ့စကားကြောင့် ဝဿန် အံ့ဪမှင်သက်လို့သွားကာ ထိုစကားလုံးတစ်ခုထည်းသာ ပါးစပ်ကထွက်နိုင်၏။ အန်တီမေနှင်းဆိုတာ ဇွဲပြောဘူးတဲ့ အဒေါ်ပဲ စိတ်မကောင်းလိုက်တာ။

"ကိုယ်တဂယ်စိတ်မကောင်းပါဘူး"

ဒီကောင်လေးဘယ်လောက်ဝမ်းနည်းနေမလဲ ဝဿန် မမေးကြည့်ရင်တောင်သိသည်။ မိဘအရင်းတွေထက်ပိုကောင်းတဲ့ ဒီမိသားစုကို ဇွဲက အရမ်းချစ်တာ။ ဒီကလေးရင်ထဲအခုချိန်ဘယ်လောက်တောင် ခံစားနေလိုက်ရမလဲ။ အခုချိန်မှာ ဘယ်လောက်ဝမ်းသာစရာတွေပဲပြောပြော ပျော်နိုင်မှာမဟုက်တဲ့ကောင်လေးကို ဝဿန် ဒီတိုင်းလေးသာတိတ်တဆိပ်နေပေးလိုက်သည်။ အလုပ်အကြောင်းကိုလည်း ဒီနာရေးပြီးမှသာ ပြောတော့မည်။

အချိန်အကြာကြီး ပွေ့ဖက်ထားပြီးနောက် နှစ်ယောက်သားအိပ်ယာဝင်ခဲ့ကြသည်။ ထို့နောက် မနက်မိုးလင်းတဲ့အခါ ဇွဲအတွက်လိုအပ်တာတွေ လုပ်ပေးရင်း နာရေးပြီးမှပြန်လာမည်ဇွဲအတွက် အဝတ်အစားသုံးလေးစုံလောက်ထည့်ပေးပြီး လိုအပ်ရင်သုံးဖို့ငွေသားအချို့ထုတ်ပေးတာကို ကောင်လေးက

"ကျွန်တော်မှာ ရှိတယ် ဦး"

"မင်းမှာရှိတယ်ဆိုတာ ကိုယ်သိပါတယ် ဒါပင်မဲ့ ကိုယ်ပေးတာကိုတော့ယူသွားပါ နေ့တိုင်း မင်းအဒေါ်တွက်ကောင်မှုလေးတွေလုပ်ပေး ကိုယ်လဲကုသိုလ်ရအောင်"

"ဦးလိုက်ခဲ့ချင်လား"

"ကိုယ်ဒီရက်ထဲ အရေးကြီးတဲ့အစည်းအဝေးတွေရှိနေတယ် ကိုယ်လာဖြစ်ရင် ဖုန်းဆက်လိုက်မယ်လေ"

The devil in disguiseWhere stories live. Discover now