Unicodeတင်........(ဓာတ်လှေကားမြည်သံ)
မေသူရွေးထားတဲ့အထပ်ရောက်တော့ ဓာတ်လှေကားကအသံမြည်လာကာ တံခါးပွင့်သွားသည်။
မေသူလက်ထဲကကဒ်နံပါတ်နဲ့တူတဲ့ အခန်းကိုရှာပြီး တံခါးဖွင့်ကာဝင်လိုက်တော့ ဝင်ဝင်ချင်းဧည့်ခန်းမှာတင် Bossကိုတွေ့လိုက်ရသည်။
"ဪ....ရောက်လာပြီလား လာလေ"
"ဟုတ်ကဲ့"
မေသူကိုမြင်တော့ Bossကလှမ်းခေါ်ကာ မေသူလည်းBossနဲ့အတူ ဆိုဖာမှာဝင်ထိုင်လိုက်သည်။
"အစည်းဝေးက ဘယ်လိုလဲ"
"အဆင်ပြေပါတယ်Boss ရောင်းအားကဆက်တိုက်တက်နေတော့ ရှယ်ယာရှင်တွေကလည်းသဘောကျနေကြတယ်
နောက်productတွေကိုလည်း သူတို့အဖွဲ့နဲ့ပဲဆက်ရိုက်မယ်တဲ့"
နေလင်းသူ အတွင်းရေးမှူးမလေးစကားဆုံးတဲ့အခါ နှုတ်ခမ်းတစ်ဖက်တွန့်ရုံဟက်ကနဲရယ်လိုက်သည်။
"ဒီချိန်ဆိုတော့ နေ့လည်စာစားပြီးလောက်ပြီပေါ့"
"ရှင်....ဟုတ် မေသူစားခဲ့ပြီးပါပြီ"
"ကိုယ်တော့မစားရသေးဘူး"
နေ့လည်းသုံးနာရီ မေသူလက်ပက်နာရီကိုကြည့်လိုက်တော့ကာ ဒီချိန်ထိBossကနေ့လည်စာမစားရသေးဘူးဆိုတော့ ဘာတွေမြန်းလုပ်နေလို့လဲ။ အလုပ်မအားဘူးဆိုရအောင်လည်း အရှေ့ကစားပွဲပေါ်မှာ အလုပ်နဲ့တူသည့်စာရွက်တစ်ရွက်တောင်မရှိ။ မေသူစားပွဲကိုနည်းနည်းကျော်ပြီးကြည့်လိုက်တော့ စာပွဲအောက်မှာ သောက်ပြီးသားဘီယာဘူး သုံးလေးခွံကိုတွေ့လိုက်ရကာ သက်ပျင်းကျိတ်ချလိုက်သည်။
"Bossစားဖို့မေသူဘာလုပ်ပေးရမလဲ ဒါမှမဟုက် လှမ်းမှာ..."
"မစားတော့ဘူး...."
ဖောက်စ်....
စကားပြောနေရင်းနဲ့Bossက ဘီယာတစ်ဘူးကိုယူကာဖောက်လိုက်ပြီး ချက်ချင်းမော့သောက်လိုက်၏။ တစ်ဝက်နီးပါးလောက်မနားတမ်းသောက်လိုက်ပြီး ဘူးကိုပြန်ချလိုက်သည်။
"အား...."
"Boss ခိုင်းစရာမရှိတော့ရင် ဒီနေ့မေသူစောစောပြန်လို့ရမလား မေမေတွက်ဆေးဝယ်စရာလေးရှိလို့"
YOU ARE READING
The devil in disguise
Action18+ဒွိလိင်ပါ စကားလုံးအတိအကျများရေးသွင်းဖော်ပြထားပါ၍ မကြိုက်နှစ်သက်ပါကမဖက်ရှုဖို့မေတ္တာရပ်ခံပါတယ်