Unicode
"ဒေါ်မေနှင်းရေ ဒေါ်မေနှင်း ဧည့်သည်လာတယ်"
ဒေါ်မေနှင်းတစ်ယောက် အိမ်ရှေ့ကအော်ခေါ်သံကြောင့် ထွက်လာကာ အိမ်ရှေ့မှာကားအနက်တစ်စီးရက်လို့ထားပြီး စတိုင်ကျကျဝတ်ဆင်ထားသည့်ကောင်လေးတစ်ယောက်နဲ့အတူ ရပ်ကွက်ထဲကလူတစ်ယောက်ကိုပါ မိမိအိမ်ရှေ့တွင်တွေ့လိုက်ရသည်။
"ဟော ဟိုမှာဒေါ်မေနှင်းထွက်လာပြီ ဒါဆို အကိုသွားတော့မယ်ငါ့ညီ"
နေလင်းသူခေါင်းငြိမ့်ပြပြီးအိတ်ထဲက ပိုက်ဆံတစ်ရွက်ထုတ်ကာ ထိုလူကိုကမ်းပေးလိုက်၏။
"ကျေးဇူးပဲကွာ "
နေလင်းသူလက်သာကာပြလိုက်၏ ထိုလူထွက်သွားတော့ အိမ်ထဲကထွက်လာသည့်အမျိုးသမီးဟာ ခြံအပြင်သို့ရောက်လာပြီး။
"ဘယ်သူနဲ့တွေ့ချင်လို့လည်း မသိဘူး"
"ဒါမေသူတို့အိမ် ဟုတ်ပါတယ်နော်"
"ဟုတ်ပါတယ် ဘာကိစ္စမြန်းရှိလို့ပါလဲ"
မေသူတစ်ယောက်စျေးကပြန်အလာ အိမ်ရှေ့မှာကားတစ်စီးရပ်လို့ထားတာကိုလှမ်းမြင်လိုက်သည်။ ကားပုံစံက ကိုကြီးကားမဟုက် ဒါမှမဟုက် ကိုကြီးကားမြန်းပြောင်းလိုက်သလား ဟုခက်ဖွဖွရေရွတ်ပြီး ခက်သွက်သွက်လေးလျှောက်လာသည်။
"ဟင်.....Boss "
"ဪ.....မေသူ"
အိမ်နားရောက်တဲ့အခါမေသူခြေလှမ်းတို့မှာရပ်တန့်လို့သွားပြီး ဘာပြောရမှန်းမသိလောက်အောင် အံ့ဪနေသည်။ Bossက ဘယ်လိုလုပ်အိမ်ကိုလိုက်လာတာလဲ။
" အိမ်ထဲဝင်ပါအုံး Boss"
"အင်း"
မေသူနဲ့ဒေါ်မေနှင်းကအရှေ့ကဝင်သွားကာ နေလင်းသူလည်းအနောက်ကလိုက်ဝင်လာသည်။
"Boss ကိုယ်တိုင်ရောက်လာတာဆိုတော့ ဘာကိစ္စမြန်းအရေးကြီးလို့လဲမသိဘူး"
"ကိုယ်ဒီဘက်နားလမ်းကြုံလို့ ဝင်လာခဲ့တာ ထွေထွေထူးထူးမရှိပါဘူး"
"အာ...ဟုတ် ထိုင်ပါအုံးBoss ဒါမေသူမေမေလေ မေမေ ဒါကNT group ရဲ့CEO ဦးနေလင်းသူ"
YOU ARE READING
The devil in disguise
Action18+ဒွိလိင်ပါ စကားလုံးအတိအကျများရေးသွင်းဖော်ပြထားပါ၍ မကြိုက်နှစ်သက်ပါကမဖက်ရှုဖို့မေတ္တာရပ်ခံပါတယ်