EP 30

6.7K 159 18
                                    

Unicode

တိတ်ဆိပ်တဲ့ မြေအောက်ကားပါကင်မှာ လူနှစ်ယောက်ဟာမျက်နှာခြင်းဆိုင်အနေအထားဖြင့်ရပ်နေကြသည်။

"မင်းဘာပြောလိုက်တယ် မေသူ"

မေသူရဲ့စကားကို မကြားလိုက်၍ ပြန်မေးချင်းမဟုက်ပဲ နေလင်းသူ နားကြားမြန်းမှာလေးသလားဟူ၍ ထက်မေးလိုက်သည်။

ဦးရဲ့အံ့ဪနေတဲ့မျက်နှာကိုကြည့်ပြီး မေသူ ဘာကြောင့်ဝမ်းနည်းနေမှန်းမသိ။ ဒီကိစ္စမေသူလည်း ဒီမနက်မှ သေချာစစ်ကြည့်ပြီးသိလာရကာ သိသိချင်း ဦးဆီချက်ချင်းပြေးလာခဲ့တာပဲ။

"မေသူမှာ ဦးနဲ့ရတဲ့ကိုယ်ဝန်ရှိနေပြီ မေသူလည်းဒီမနက်မှ....အ့"

မေသူစကားမဆုံးခင်မှာပဲ  ဦးကမေသူလက်မောင်းတစ်ဖက်ကိုဆုပ်ကိုင် ဆွဲညှစ်ပြီး သူ့ဘက်ကိုဆွဲကာ။

"မဖြစ်နိုင်ဘူး မင်းလိမ်နေတာ မင်းငါ့ဆီကဘာလိုချင်လို့လည်း"

"မေသူ ဦးဆီကဘားမှမလိုချင်ဘူး"

"ဒါဆို မင်းငါဝယ်ပေးထားတဲ့ဆေး...."

"မသောက်ဘူး ဦးဝယ်ပေးတဲ့ဆေးတွေမေသူတစ်ခုမှမသောက်ခဲ့ဘူး"

"မေသူ!...."

"အ့....နာတယ် မေသူကိုလက်ကိုလွှတ်ပါ"

နေလင်းသူ ဒီလိုပြဿနာတွေဖြစ်မှာဆိုးလို့ အစထဲက ကာကွယ်ဆေးဝယ်တိုက်ထားခဲ့တာကို ဒီကောင်မလေးက ခေါင်းမာပြီးမသောက်ဘူးတဲ့လား။

"ဖျက်ချလိုက်...."

ထိုသို့ပြောကာ ခက်တင်းတင်းဆုပ်ကိုင်ထားတဲ့ မေသူလက်ကို နေလင်းသူလွှတ်ကာ တွန်းထုတ်လိုက်သည်။

မေသူ ဦးရဲ့စကားကိုကြားပြီး အံ့ဪလို့နေ၏ ဦးကဘာလို့ဒီလောက်ထိတောင်ရက်စက်ရတာလဲ။ မေသူသိခဲ့တဲ့ ဦးက ဒီလိုမျိုးမရက်စက်တက်ဘူး မဟုက်လား။ မေသူတွေးရင်း မျက်ရည်တွေကျလာလို့လာသည်။

"ဦးဘာလို့ဒီစကားပြောထွက်ရတာလဲ ဒီကလေးကဦးရဲ့သွေးသားနော်"

"ငါမလိုချင်ဘူး..."

"ဘယ်လိုပဲဖြစ်ဖြစ် ဦး မေသူကိုတာဝန်ယူရမယ်"

The devil in disguiseWhere stories live. Discover now