EP 7

12.5K 175 3
                                    


Unicode

တစ်ဖျက်ဖျက်လက်နေတဲ့မီးရောင်စုံတွေအောက် အမျိုးသမီးတွေဟာ ကောက်ကြောင်းပေါ်အဝတ်အစားအချို့နှင့် ပုရိသတို့အားဆွဲဆောင်ကပြလို့နေသည်။

"မဂ်လာပါ NT group ရဲ့CEO"

"ဟာ....ကိုထွန်းကတော့လုပ်ပြီ "

"ဟား..ဟား ငါကစတာပါကွာ ဒါနဲ့ငါ့ကိုလာရှာတာဘာကိစ္စလဲ"

"ထွေထွေထူးထူးတော့မရှိပါဘူး ဒီဘက်လမ်းကျုံတာနဲ့အကို့ဆီဝင်လာလိုက်တာ"

"တော်သေးတာပေါ့ မင်းငါ့ကိုသတိရသေးလို့....ဟျောင် မင်းနဲ့ပါလာတာလား"

ကိုထွန်းကသူကိုလက်ကုတ်ကာ နောက်ကစကားကိုတိုးတိုးလေးကပ်ပြောသည်။ ကိုထွန်းမျက်စပြစ်ပြတဲ့ဘက်ကိုကြည့်လိုက်တော့ ကုတ်ကုတ်လေးထိုင်နေသည့် သူ့အတွင်းရေးမှူးအသစ်ကောင်မလေး။

"အင်း Secretary အသစ်"

"ဟ.... ဘယ်လိုဖြစ်တာလဲငါ့ကောင် အလန်းလေးတွေဘယ်ရောက်ကုန်တာလဲ"

နေလင်းသူနှုတ်ခမ်းတစ်ချက်တွန့်ကာပြုံးလိုက်သည်။ ကိုထွန်းကတော့ နေလင်းသူအကြောင်းသိတာမို့ ဘားမှဆက်မမေးတော့ပဲ သောက်စရာတစ်ခုခုမှာပေးကာ နှစ်ယောက်အတူတူစသောက်ကြသည်။

မေသူက Secretaryမို့ Bossဘယ်သွားသွားအနောက်ကနေတစ်ကောက်ကောက်လိုက်ရသည်။ မေသူကအခုမှအလုပ်ဝင်တာတစ်ပက်ပဲရှိသေးတယ်။ သူဒီအလုပ်နဲ့ဒီရာထူးကို ရမယ်လို့လုံးဝမထင်ထားဘူး သူအလုပ်ရပြီဆိုတော့ နောက်ဆိုသူနဲ့အမေအများကြီးအဆင်ပြေတော့မှာ ကိုကြီးလည်းအများကြီးမပင်ပန်းရတော့ဘူးပေါ့။

မေသူအလုပ်ရပြီဆိုတာ ကိုကြီးအခုထိမသိသေး မေသူကိုကြီးကိုပြောပြချင်ပင်မဲ့ ကိုကြီးမေသူနဲ့အမေ့ကိုလာမတွေ့တာကြာပြီလေ။ အရင်ကလတိုင်းလူကိုယ်တိုင်အမေ့ကိုပိုက်ဆံနဲ့လာကန်တော့ပင်မဲ့ အခုနောက်ပိုင်း လူကျုံနဲ့သာပိုက်ဆံထည့်ပေးကာ အမှားစကားပဲပါးတယ်။ ဖုန်းဆက်တော့လဲမကိုင် ကိုကြီးအလုပ်တွေအရမ်းရှုပ်နေလို့နေမယ်။

"မေသူ....မေသူ"

"ရှင်..."

မေသူအတွေးလွန်နေကာ Bossခေါ်သံကိုမကြားလိုက် Bossပုခုံးကိုလာပုတ်တော့မှမေသူလန့်သွားကာ မော့ကြည့်လိုက်သည်။

The devil in disguiseWhere stories live. Discover now