ကြည်လင်သည့်ကောင်းကင်ပြာအောက်တွင် အဆင့်မြင့်တိုက်တွေပြည့်နှက်နေသည်။ ခေတ်တိုးတက်လာသည်နှင့်အမျှ ဆောက်လိုက်ကြသည့်တိုက်အမြင့်တွေ၊ စီးပွားရေးသမားတွေဟာ ငွေရသည့်နည်းကိုသာ တွေးမြဲတွေးနေပါလိမ့်မည်။
အနက်ရောင် ကားတစ်စီးဟာ လမ်းမပေါ်အရှိန်ပြင်းစွာမောင်းနှင်နေသည်။ သပ်ရပ်တောက်ပြောင်နေသည့် ထိုကားသည်အဆင့်အတန်းရှိသည့်လူတစ်ဦးမောင်းနှင်နေမည်ဆိုတာ ခန့်မှန်းစရာတောင်မလိုပေ။ အနက်ရောင်ကားမှန်တွေအကုန်တင်ထားပြီး လမ်းမပေါ်ပုံမှန်အရှိန်ထပ်မောင်းနှင်နေသည်။“ရတယ်... နောက်ငါးမိနစ်အတွင်း အစည်းအဝေးခန်းမှာလူစုဖို့ပြောထားလိုက်... ငါလာနေပြီ...”
ဖုန်းကို ကားမှန်ခုံးပေါ်အသာတင်လိုက်ပြီး အရှိန်အနည်းငယ်မြန်လိုက်သည်။ အချိန်နှင့်ပတ်သတ်ပြီး သိပ်ကိုအလေးထားသည့်သူ့အတွက် အလုပ်နောက်ကျတယ်ဆိုတာ ကျားလိုက်ခံနေရသလိုပင်။ စီအီးအို တစ်ယောက်ဖြစ်နေလို့လည်း ပိုဆိုးသည်။ အခုရာသီမှာ ပြိုင်ဆိုင်မှုတွေများနေသည့်ကြားမှ သူ့ကုမ္ပဏီနောက်ကျကျန်နေလို့မဖြစ်....။ အရှုံးကိုလုံးဝမလိုချင်သည့် သူ့အတွက် ဒီအချိန်တွေဟာ အပူပန်ရဆုံးဖြစ်သည်။
“......”
ဘုန်းသွေးသျှံ တစ်ယောက် ကားစတီယာတိုင်ကို တင်းကြပ်အောင်ကိုင်ထားပြီး မောင်းနှင်နေသည်။ အရှိန်ဘယ်လောက်အထိရောက်ပြီလဲ သူမကြည့်မိ...။ သူ့စိတ်က အလုပ်ထဲရောက်ဖို့ကိုသာ လောနေသည်။
ဖြတ်လမ်းကနေသွားဖို့ဆုံးဖြတ်လိုက်သည့်နောက်မှာ ဆက်သွားနေရာကနေ ညာဘက်မှ လမ်းပေါ်အသာကွေ့ချလိုက်သည်။ ကံဆိုးမှုသည် ထိုမှစသည်ထင်ပါသည်...။“!!!???...”
“ကျွီး!!!........... ဒုန်း!!...”
သူ့အရှေ့ရောက်လာသည့် တစ်ဖက်မှ စက်ဘီးနှင့်လူတစ်ဦး....။ အရှိန်ထိန်းလိုက်တာတောင် ကားအရှိန်မြင့်သေးသည်မို့ ထိုလူတော်တော်လေးအထိ နာပေလိမ့်မည်။ “ဘုန်းသွေးသျှံ” ကားကိုရပ်ပြီး အမြန်ဆင်းကြည့်ရတော့သည်။ အလုပ်နောက်ကျနေပါတယ်ဆို ပြဿနာကတက်ပြီ....။
YOU ARE READING
အချစ်စေစားရာ
General Fictionခေါင်းစဉ်မှာအတိုင်း အချစ်စေစားရာမှာ လူတွေပျော်ရွှင်စွာအဆုံးသတ်နိုင်မလားဆိုတာ.....။