“မာမီ ... ကျွန်တော်ပြန်လာပြီ...”
မင်းရယူ အိမ်ထဲဝင်ကာ သူ့အမေကိုခေါ်လိုက်သော်လည်း ဧည့်ခန်းက ဖခင်ကိုသာတွေ့လိုက်ရသည်။
“ပြန်လာပြီလား .. “
လေးတောင့်ကျကျမျက်မှန် ကိုအသာပင့်ရင်းကြည့်ကာပြောလာသည့် ဖခင် ဦးမာန်မင်းသူရ။
“ဟုတ်တယ် ဒယ်ဒီ...”
ဒယ်ဒီ့ဘေးသို့အသာလေး သွားလိုက်ပြီး ထိုင်ကာ လက်မောင်းကိုအသာဖက်ထားလိုက်သည်။ သူ့အဖေကိုသူတွေ့ရတာ သိပ်ကိုရှားသည်မလား ။ အမြဲအိမ်နှင့်အလုပ်ဆိုသော်လည်း သူတို့သိပ်မတွေ့ဖြစ်ပေ... ။
“ဘာလဲ... လိုချင်တာရှိလို့လား ..”
စာရင်းစာရွက်ကိုအသာချကာပြောလာသည့် ဖခင်ကြောင့် မင်းရယူပြုံးလိုက်သည်။ သူ့အဖေက သူ့အကြောင်းကောင်းကောင်းသိနေသည်ဘဲ ... ။
“အဲ့ဒါကလေ.. ကျွန်တော်.. ကျွန်တော့်ကောင်လေး ဆီမှာ.. သွားပြောင်းနေမလားလို့...”
“....”
ဦးမာန်မင်းသူရ မျက်မှန် ကိုအသာချွတ်ကာ စားပွဲပေါ်အသာတင်ရင်း သားဖြစ်သူကိုလှည့်ကြည့်လိုက်သည်။ ဒီအိမ်ကကြီးပြီး လူနည်းတာတောင် ထွက်သွားဦးမည်တဲ့လား .... ။
“သား ကအခုအသက် ၂၀ရှိနေပြီဆိုပေမဲ့လည်း ဒယ်ဒီတို့အတွက် ကလေးလေးဘဲရှိသေးတာ..”
“ကျွန်တော်သိပါတယ်.. ပြီးတော့ ကျွန်တော်က ဒယ်ဒီတို့ရဲ့ ကလေးလေးအမြဲလုပ်မှာပါ..”
သူ့လက်မောင်းကိုအသာဖက်ကာ ကပ်ချွဲနေသည့် ထိုကောင်လေးကိုသက်ပြင်းချကာပင် ကြည့်နေလိုက်သည်။ တကယ်ကို စိတ်ချလို့မရသေးတဲ့အရွယ်ဆိုပေမဲ့လည်း ...။ သူဒီအတိုင်း လွှတ်ထားမည်မဟုတ်သေး...။
“ဟုတ်ပါပြီး .. သွားချင်တယ်ဆိုရင် သွားပေါ့.. အိမ်ကိုတော့ တစ်ပတ်တစ်ခါပြန်လာရမယ် ကြားလား ...”
“အွန်း.. ကျွန်တော် ဒယ်ဒီတို့ကိုပစ်မထားပါဘူး .. ပြီးတော့ ဒယ်ဒီလည်း ကျွန်တော့်ကို ပစ်မထားဘူးဆိုတာ သိသားဘဲ ...”
သွားစွယ်တွေပေါ်သည်အထိပြုံးလာသည့် ထိုကလေး၏ ခေါင်းလေးကိုခပ်ဖွဖွပုတ်လိုက်ပြီး သူလည်းပြုံးလိုက်သည်။ သူ့သားကို သူမချုပ်နှောင်ချင်ပါ ။ လွတ်လပ်သည့်ခံစားချက်၊ အတွေးတွေနှင့်သာ ရှင်သန်စေချင်သည်။
သူချစ်ရသည့် သူ့သား၏မိခင်လိုပေါ့..။
YOU ARE READING
အချစ်စေစားရာ
Ficción Generalခေါင်းစဉ်မှာအတိုင်း အချစ်စေစားရာမှာ လူတွေပျော်ရွှင်စွာအဆုံးသတ်နိုင်မလားဆိုတာ.....။