"တောက်!.. တောက်!.. တောက်!..."
အနက်ရောင် ဖိနပ်လေးတစ်စုံဟာ တတောက်တောက်မြည်အောင်ဟန်ပါပါလျှောက်လှမ်းနေသည့် အဆင့်မြင့်စားသောက်ဆိုင်တစ်ခု...။
အကုန်စုစည်းထားသည့် ဆံသားနက်နက်တွေဟာခါးထိရှည်သည်။ မိန်းမဝတ်အနောက်တိုင်းဝတ်စုံကို သပ်ရပ်စွာဝတ်ထားသည့် သူမဟာအေးစက်စက်ပင် လိုရာကိုလျှောက်လှမ်းနေသည်။ ဘေးတွင်တော့ အနက်ရောင်ဝတ်စုံနှင့် ဘော်ဒီဂတ်လိုအမျိုးသားတစ်ဦး...။"အို.... မနီရာလေး.... လာလာ ဒီကိုထိုင်...."
ဖန်ပြတင်းပေါက်ကိုကြည့်နေရာကနေ သူမဘက်လှည့်လာသည့် ထိုအမျိုးသားကို သူမတည်ငြိမ်စွာကြည့်နေသည်။ သူမကြောက်လန့်ဟန်လုပ်လို့ဘယ်ရမလဲ...။ လည်ပင်းထိတက်နင်းမဲ့သူတွေချည်ဘဲ...။
သူမဟာထိပ်ဆုံးခုံပေါ်သို့သွားကာ အသာထိုင်လိုက်သည်။
"ကိုယ့်ချွေးမလေးက ကိုယ်ဝန်နဲ့ဆိုတော့... သေချာဧည့်ခံရမှာပေါ့..."
"လိုရင်းသာပြောပါ ဦးကောင်းဇုန်..."
သူမရဲ့ စကားကို ဦးကောင်းဇုန် ကပျားသံပုရာရည်ခွက်ကိုင်ထားရာကနေ လှည့်ကြည့်သည်။ ပြီးနောက်မှ သံပုရာခွက်ကို သူ့ရှေ့အသာချပြီး မျက်နှာချင်းဆိုင်ဝင်ထိုင်လာသည်။
"လိုရင်းက မနီရာလေးသိပြီးသားဖြစ်မှာပါ..."
"ကျွန်မ သွေးကုမ္ပဏီကို လုံးဝပြန်မပေးနိုင်ဘူး..."
သူမရဲ့ ပြတ်သားသည့်အသံနောက်မှာ ဦးကောင်းဇုန် ရဲ့မဲ့ပြုံးလေးပျောက်ကွယ်သွားသည်။
"အခု .. သွေးကုမ္ပဏီ ကလူတိုင်းရဲ့ပစ်မှတ်ဖြစ်နေပြီနော်.. ဘယ်လိုအတွေးမျိုးနဲ့များ ချုပ်ကိုင်လို့ရဲသေးတာလဲ..."
"ဒါက ကျွန်မရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စပါ ဦးကောင်းဇုန်..."
"ဘုန်းသွေးသျှံ က.... မင်းရဲ့အမျိုးသားနော်...."
".........."
သူမရဲ့တိတ်ဆိတ်သွားမှုကို ကြည့်ကာ ဦးကောင်းဇုန် သဘောကျနေဟန်ရှိသည်။
"မင်းကသူ့ရဲ့ ဇနီးပါလို့ကြေညာလိုက်ကတည်းက ဒီနွံထဲ အတူတူမြုပ်သွားတော့မှာနော်..."
YOU ARE READING
အချစ်စေစားရာ
Ficción Generalခေါင်းစဉ်မှာအတိုင်း အချစ်စေစားရာမှာ လူတွေပျော်ရွှင်စွာအဆုံးသတ်နိုင်မလားဆိုတာ.....။