"ငယ်?...."
အပြင်မှာ ချစ်ရသူ၏အသံကိုကြားရသော်လည်း မင်းရယူ ပြန်ဖြေဖို့အားမရှိပေ။ မနေ့က ရေချိုးနောက်ကျလို့များအအေးမိသလား။ မိုးရာသီမို့ နေမကောင်းဖြစ်သည်လားသူမသိတော့ပေ။
အေးစက်စက်ကုတင်ပေါ်သာ အသိရတစ်ချက်မရတစ်ချက်နှင့် မှေးနေရသည်။"ငယ်?..."
တံခါးဖွင့်ကာ ဝင်လာသည့် ထိုလူကိုမျက်ဝန်းအသာဖွင့်ရင်းကြည့်လိုက်သည်။ ပူနွေးလာသောမျက်ဝန်းတွေကြောင့် ကြာကြာကြည့်နိုင်ခြင်းမရှိပေ။ ခြောက်သွေ့လာသည့်လည်ချောင်းတွေကြောင့် ပြန်ဖြေဖို့ကလည်း ခဲယဉ်းသည်။
"နေမကောင်းဖြစ်ပြီမလား..."
ကုတ်ကိုကုတင်ပေါ်အသာပစ်တင်လိုက်ပြီး ဘေးဝင်ထိုင်လိုက်သည့် ထိုလူကြောင့် မင်းရယူ စိတ်သက်သာရာရသွားရသည်။ ကိုကို ၏ခပ်နွေးနွေးလက်ဟာ အခုမှာတော့သူ့အတွက်အေးစက်စက်ပင်။ပါးကိုအုပ်ကိုင်လာသည်ကြောင့် မင်းရယူ မျက်ဝန်းကိုအသာဖွင့်ကြည့်လိုက်သည်။
နီးကပ်နေသည့်မျက်နှာအနေအထားဟာ အသက်ရှူသံကိုကြားရသည်အထိပင်။ မျက်ဝန်းနက်တွေဟာလည်း နွေးထွေးစိုးရိမ်မှုအပြည့်..။"ကိုယ်ပြောတယ်လေ.. ရေမချိုးပါနဲ့တော့ဆိုတာကို .. ငယ်ကတော့လေ .."
နဖူးပေါ်အသာအနမ်းခြွေရင်းပြောလာသည့် ထိုလူကို မင်းရယူ ဒီအတိုင်းသာငေးကြည့်နေမိသည်။ နေမကောင်းတဲ့အချိန်ရှိစေချင်သူ ကိုယ့်အနားရှိနေတာကဘာနဲ့တူလဲဆိုရင်... ဆုလာဘ်များလား ။
"ကို...."
နေမကောင်းတာကြောင့်ရော စိတ်အားငယ်တာကြောင့်ရော တုန်ယင်နေသည့်သူ့အသံနောက်မှာ မျက်ရည်ပူတွေဟာ မျက်ဝန်းအိမ်ထဲအပြည့်....။
"ကိုယ်ငယ့်ဘေးမှာ... ကိုယ်ဆန်ပြုတ်ပြုတ်ပြီး ပြန်လာခဲ့မယ်.. ပြီးရင်ဆေးသောက်ရမယ် ကြားလား.."
"ကြာမှာလားဟင်..."
"မကြာပါဘူးကွာ.. ၁၀၀ အထိကိုတဖြည်းဖြည်းရေရွတ်နေ .. ကိုယ် ပြည့်တာနဲ့ ပြန်လာခဲ့မယ်.. နော်..."
နူးညံ့မှုအပြည့်နှင့်ပြောနေသည့် ကိုကို့ ကိုသူယုံပါသည်။ ကိုကို ကပြောရင် ပြောတဲ့အတိုင်းဖြစ်အောင်လုပ်တတ်တာမို့လို့...။ သူခေါင်းအသာငြိမ့်လိုက်သည်။
YOU ARE READING
အချစ်စေစားရာ
Ficción Generalခေါင်းစဉ်မှာအတိုင်း အချစ်စေစားရာမှာ လူတွေပျော်ရွှင်စွာအဆုံးသတ်နိုင်မလားဆိုတာ.....။